မိုင်းခတ်မြို့နယ် လူထုအ‌ခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌  စာဖတ်ဝိုင်းကျင်းပ

မိုင်းခတ် ဇွန် ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာ‌စောင်ချစ်မြတ်နိုးသူများလူငယ်အသင်း Youth Club နှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းနွယ်နီအောင်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်အ‌ကြောင်း ရှင်းလင်းပြောကြားပြီး၊ စာကြည့်တိုက်မှူး ဒေါ်နန်းခင်ညွန့်က စာဖတ်ဝိုင်းပြုလုပ်မည့် စာအုပ်အမျိုးအစားအကြောင်း ရှင်းလင်းပြောကြားကာ စာ‌ရေးဆရာမောင်ခင်မင်(ဓနုဖြူ)ရေးသားသည့် "အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ" စာအုပ်မှ စာအုပ်စာစောင်ချစ်မြတ်နိုးသူများလူငယ်အသင်း (Youth Club) မှအဖွဲ့ဝင်‌ မနန်းဟွမ်ဟိန်းတစ်က ပညာတတ်ဖို့စာဖတ်ရမည်၊ မနန်းသိမ့်သီရိဆွေက စာစီစာကုံးနှင့်ကိုယ့်စွမ်းကိုယ်စ၊ မသွန်းသံစဥ်ချိုနှင့် မောင်စောပိုင်ထက်မောင်တို့က လူငယ်များအတွက် ဇာတက၊ စာမေးပွဲခန်းထဲကအမည်းစက်များစသည့် ခေါင်းစဉ်ပါအကြောင်းအရာများကို အပြန်အလှန်ဖတ်ကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)