ရှမ်းပြည်နယ်

ကွန်ဟိန်းမြို့၌  ပိုလီယိုကာကွယ်ဆေး(အပိုဆောင်း)စတင် တိုက်ကျွေးခြင်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့အတွင်းရှိ ကလေးငယ်များအား ပိုလီယိုကာကွယ်ဆေး (အပိုဆောင်း)တိုက်ကျွေးခြင်း ကို ဇွန်လ(၁၆) ရက်နေ့မှ စတင်တိုက်ကျွေးခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးသည် အင်းလေးဖောင်တော်ဦး မြတ်စွာဘုရား ရတနာစံကျောင်းတော်နှင့် ဝရံတာပြန်လည်ပြုပြင်ဆောင်ရွက်ခြင်း၊ ရွှေညောင်-ညောင်ရွှေကားလမ်းနှင့်ခေါင်တိုင်-အင်းတိမ်-မှော်ဘီလမ်း ရေကျော် နေမှုများအား ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်နှင့် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းတို့သည် မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့်ပျက်စီးခဲ့သည့် ညောင်ရွှေမြို့နယ်၊ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားရင်ပြင်တော်နှင့် ရတနာစံကျောင်းတော် ပြုပြင်မွမ်းမံမှုလုပ်ငန်းများ၊ ရွှေညောင်-ညောင်ရွှေကားလမ်းနှင့် ခေါင်တိုင်-အင်းတိမ်-မှော်ဘီလမ်း ရေကျော်နေမှုများကို ယမန်နေ့ နံနက် ၉ နာရီခွဲက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

တောင်ကြီးမြို့၌ စွန့်ပစ်ပစ္စည်းများ စနစ်တကျခွဲခြားစွန့်ပစ်ရန် အသိပညာပေးခြင်းနှင့် သရုပ်ပြသခြင်း ဆောင်ရွက်

အမှိုက်များကို စနစ်တကျခွဲခြားစွန့်ပစ်ခြင်းသည် အမှိုက်သိမ်းဆည်းမှုကို လွယ်ကူစေသည်အပြင် အမှိုက်များကိုအကျိုးရှိအောင်ပြန်လည်အသုံးပြုနိုင်ရန်အတွက် စွန့်ပစ်ပစ္စည်းများစနစ်တကျခွဲခြားစွန့်ပစ်ရန် အသိပညာပေးခြင်းနှင့်သရုပ်ပြသခြင်းကို ဇွန် (၁၆) ရက် ညနေ (၄) နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

တောင်ကြီးမြို့၌ သဘာဝဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုနှုန်းသည် တစ်နှစ်ထက်တစ်နှစ်ပိုမိုများပြားလာသည်ကို တွေ့ရမှာဖြစ်သည့်အတွက် အဖျက်စွမ်းအားပိုမိုကြီးမားလာမှုကိုတွေ့ရမည်ဖြစ်၍ သဘာဝဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကို ဇွန်(၁၆)ရက် ညနေ(၃)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

ရပ်စောက်မြို့နယ် ကျောက်တော‌‌ခေတ်မီစံပြကျေးရွာ၌ အသိပညာပေးအခမ်းအနားပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ကျောက်တောကျေးရွာအုပ်စု၊ ကျောက်တော‌ခေတ်မီစံပြကျေးရွာ၌ အသိပညာပေးဟောပြောပွဲအခမ်းအနားကို အဆိုပါကျေးရွာဓမ္မာရုံ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်၌ စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းပါ အမျိုးသမီးများအတွက် ဝင်ငွေတိုးတက်ရေး ဆောင်ရွက်မည့်လုပ်ငန်းအတွက် စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်သည်။

ပင်လောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ရုံးစာရေးသားနည်းသင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများအား ရုံးလုပ်ငန်းများ ကျွမ်းကျင်မှုရှိစေပြီး ရုံးလုပ်ငန်းများတွင် နေ့စဉ်ဆောင်ရွက်နေရမည့် အဓိကလုပ်ငန်းတစ်ခုဖြစ်သည့် ရုံးစာများရေးသားမှုများ ပိုမိုကျွမ်းကျင်လာစေရန် ရည်ရွယ်၍ ရုံးစာရေးသားနည်းသင်တန်းကို လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယနေ့နံနက်ပိုင်းမှ စတင်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ရပ်စောက်မြို့နယ် ကျောက်တော‌‌ခေတ် မီစံပြကျေးရွာ၌ အသိပညာပေး အခမ်းအနားပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ကျောက်တောကျေးရွာအုပ်စု၊ ကျောက်တော‌ခေတ်မီစံပြကျေးရွာ၌ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို အဆိုပါကျေးရွာဓမ္မာရုံ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းဆတ်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့ နေ့လယ် ၁၂ နာရီခွဲက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့၌ အခွန်ဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာနက ကြီးမှူး၍ ၂၀၂၅ ခုနှစ်၊ ပြည်ထောင်စုအခွန်အကောက်ဥပဒေအပါအဝင် ပြည်တွင်းအခွန်များဦးစီးဌာနက စည်းကြပ်ကောက်ခံလျက်ရှိသည့် အခွန်များနှင့်စပ်လျဉ်း၍ ဒုတိယအကြိမ် အခွန်ဆိုင်ရာအသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၁ နာရီက ခရိုင်နှင့်မြို့နယ်စုပေါင်းရုံးရှိ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။  
Subscribe to ရှမ်းပြည်နယ်