ရှမ်းပြည်နယ်

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အင်းလေးဒေသအတွင်းရှိ လျှပ်စစ်ဓာတ်အားလိုင်းများ ရာခိုင်နှုန်းပြည့် ပြင်ဆင်ပြီးစီး

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့်  ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအတွင်းရှိ ကျေးရွာများ၌ ၁၁ ကေဗွီ ဓာတ်အားလိုင်းများ၊ ၄၀၀ ဗို့ ဓာတ်အားလိုင်းများ၊ ထရန်စဖော်မာများနှင့် ဓာတ်အားလွှတ်ပစ္စည်းများ ယိုင်လဲချို့ယွင်းပျက်စီး၍ ကျေးရွာပေါင်း (၃၂၁) ရွာ ယာယီဓာတ်အားပြန်တောက်မှုများ ဖြစ်ပေါ်ခဲ့မှုအပေါ် အမြန်ဆုံး ပြန်လည်ပြုပြင်ရေး လုပ်ငန်းများဆောင်ရွက်ခဲ့ရာ ဇွန် ၂၈ ရက်တွင် လျှပ်စစ်ဓာတ်အားလိုင်းများ ရာခိုင်နှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်း ပြိုင်ပွဲဖွင့်ပွဲနှင့် ပြည်နယ်ပြေးခုန်ပစ် လက်ရွေးစင်အသင်းအား အောင်နိုင်ရေး အလံပေးအပ်

၂၀၂၅ ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချူပ်ဖလား မြို့နယ်အလိုက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲနှင့် ၂၀၂၅ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲကို ရှမ်းပြည်နယ်ကိုယ်စားပြုဝင် ရောက်ယှဥ်ပြိုင်ကြမည့် ပြေးခုန်ပစ် လက်ရွေးစင်အသင်းအား အောင်နိုင်ရေး အလံပေးအပ်ခြင်းကို ယမန်နေ့နံနက် (၁၀)နာရီက တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တောင်ကြီးမြို့ သန့်ရှင်းသာယာလှပရေး  အပတ်စဥ် သန့်ရှင်းရေးဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မိုးရာသီကာလရောက်ရှိလာပြီဖြစ်၍ မြို့သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်ရေး၊ ပိုးလောက်လန်းများ မပေါက်ဖွားနိုင်ရေး၊ ခြင်၊ ယင်များ မခိုအောင်းနိုင်ရေးအတွက် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို ဇွန်(၂၈)ရက် နံနက်(၇)နာရီခွဲက ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ညောင်ရွှေမြို့၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးဆောင်ရွက်

ရှမ်းပြည်နယ် ညောင်ရွှေမြို့၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးဆောင်ရွက်ခြင်းကို ဇွန် ၂၈ ရက် နံနက် ၉ နာရီမှစတင်၍ မြို့ဝင်လမ်းဆုံ၊ မြို့မဈေးမီးပွိုင့်လမ်းဆုံနှင့် ရုံးကြီးလမ်းတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကလောမြို့နယ်၌ မြန်မာအမျိုးသမီးများ‌နေ့ကို ကြိုဆိုဂုဏ်ပြု‌သောအားဖြင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် ခါတော်မီသစ်မျိုး အပင်ပေါင်း(၂၀၆၀)ပင်စိုက်ပျိုး

သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရန်၊ ဂေဟစနစ်ထိန်းသိမ်းစေရန်၊ သစ်တောများပြန်လည်ဖြစ်ထွန်းလာစေရန်နှင့် ရာသီဥတု ပြောင်းလဲမှုကို သစ်ပင်စိုက်ပျိုးခြင်းဖြင့် ရင်ဆိုင်တုံ့ပြန်နိုင်ရေးအတွက် ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ က‌လောခရိုင်၊ ကလောမြို့နယ်၊ သာမိုင်းခမ်း‌ကျေးရွာအနီး၊ မိတ္ထီလာ - တောင်ကြီးကားလမ်း မိုင်တိုင် (၈၄/၁)တွင် ယနေ့ နံနက် ၈ နာရီက  မြန်မာအမျိုးသမီးများ‌နေ့ကို ကြိုဆိုဂုဏ်ပြု‌သောအားဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ် ဆောက်လုပ်ဆဲ သာသနာ့ဗိမာန်နေရာ၌ ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီအချိန်က ‌ဥယျာဉ် ရပ်ကွက်ရှိ ဆောက်လုပ်ဆဲ သာသနာ့ဗိမာန်အ‌‌ဆောက်အဦနေရာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မူဆယ်၌ မိုးရာသီစိမ်းလန်းစိုပြေရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးအတွက် သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ် စိမ်းလမ်းစိုပြေရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးတို့အတွက် ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီက ဟိုမွန်ရပ်ကွက်၊ လွယ်တိန်ခမ်းဘုရားတောင်ပေါ်ရှိ ဘိုးဘွားရိပ်သာအနီးတွင် ကျင်းပခဲ့သည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တောင်ကြီးမြို့ ရွှေဘုန်းပွင့်အတက်လမ်း တိုးချဲ့ဆောင်ရွက်နေမှုနှင့် နိုင်လွန်ကတ္တရာလမ်းခင်းခြင်းဆောင်ရွက်​​နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် (၉) နာရီအချိန်တွင် တောင်ကြီးမြို့ သန့်ရှင်းသာယာလှပရေး၊ လမ်းများပိုမိုကောင်းမွန်လာစေရေးအတွက် တောင်ကြီးမြို့၊ ပြည်ထောင်စုလမ်းမကြီးမှ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးသို့ အတက်လမ်းထောင့်ရှိ လုံခြုံရေးဂိတ် ခြံစည်းရိုးအုတ်တံတိုင်း ကာရံခြင်းလုပ်ငန်းခွင်နှင့် ပြည်နယ်စည်ပင်သာယာရေးဌာနနှင့် စိန်နှင်းဆီကုမ္ပဏီတို့ ပူးပေါင်း၍ လမ်းတိုးချဲ့ပြီး နိုင်လွန်ကတ္တရာခင်းခြင်း ဆောင်ရွက်သည့် လုပ်ငန်းခွင်သို့ရောက်ရှိရာ  သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား တင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လမ်းများ ရေရှည်ကောင်းမွန်စွာအသုံးပြုနိုင်ရေးအတွက် သတ်မှတ်စံချိန်စံညွှန်းပြည့်မီအောင် စနစ်တကျဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ပေးကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

တာချီလိတ်မြို့၌ ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် အားကစားနှင့်ကာပညာကော်မတီဥက္ကဋ္ဌ(ဖလား) ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက မြို့မအားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။

ပင်းတယမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေနှင့် ပတ်သက်ပြီး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

‎ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် လူမှုဝန်ထမ်းရုံးတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေနှင့် ပတ်သက်ပြီး အသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်