မူဆယ်၌ မိုးရာသီစိမ်းလန်းစိုပြေရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးအတွက် သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မူဆယ် ဇွန် ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ် စိမ်းလမ်းစိုပြေရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးတို့အတွက် ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီက ဟိုမွန်ရပ်ကွက်၊ လွယ်တိန်ခမ်းဘုရားတောင်ပေါ်ရှိ ဘိုးဘွားရိပ်သာအနီးတွင် ကျင်းပခဲ့သည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် ချယ်ရီပင် (၇၀) ပင်၊ ထင်းရှူးပင် (၁၀၀) ပင်၊ ခါတော်မှီပင် (၁၀၀) ပင်၊ ခရေ (၅၀) ပင်၊ မယ်ဇလီပင် (၅၀) ပင်၊ ယူကလစ်ပင် (၃၀) ပင်၊ မန်ဂျန်ရှားပင် (၁၀၀) ပင်၊ စုစုပေါင်း အပင်ပေါင်း (၅၀၀) ပင်ကို မူဆယ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ/ မိခင်နှင့်ကလေးအဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့ပေါ်အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံ ပြည်သူများမှ စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

ချယ်ရီမြေ(မူဆယ်)