ရှမ်းပြည်နယ်

ကလောမြို့နယ်၌ ပထမအကြိမ် ဓနုတိုင်းရင်းသား လူငယ်ရေးရာဖလားအလွတ်တန်း ဘောလုံးပြိုင်ပွဲဖွင့်ပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပထမအကြိမ် ဓနုတိုင်းရင်းသားလူငယ်ရေးရာ ဖလားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွှဲ ၂ နာရီက ကမ္ဘားနီကျေးရွာအားကစားကွင်း၌ ပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့ဝင်များ၊ ဓနုတိုင်းရင်းသားအဖွဲ့ချုပ်ဗဟိုနာယကနှင့်အဖွဲ့ဝင်များ၊ ဓနုတိုင်းရင်းသားအားကစားသမားများနှင့် ဓနုမောင်၊မယ်များ တက်ရောက်ခဲ့ကြသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အမှတ် (၂) တပ်မတော်ဆေးရုံခုတင် (၇၀၀) ကျောက်ကပ်ဆေးစက်အတွက် အလှူငွေများ ပေးအပ်လှူဒါန်း

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် (၉) နာရီခွဲအချိန်တွင် အောင်ပန်းမြို့၊ အမှတ် (၂) တပ်မတော်ဆေးရုံခုတင် (၇၀၀) သို့ သွားရောက်၍ ကျောက်ကပ်ဆေးစက်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းကြကြောင်း သိရသည်။

တာချီလိတ်မြို့နယ်၌ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမှတ်(၂)သတ္တုတွင်းလုပ်ငန်းနှင့် ရွှေသတ္တု အလတ်စား ထုတ်လုပ်မှုလုပ်ငန်း သဘောတူစာချုပ် ချုပ်ဆိုထားသော ရှမ်းပြည်နယ် (အရှေ့ပိုင်း)တာချီလိတ်မြို့နယ်၊ နားယောင်းကျေးရွာအုပ်စုရှိ အောင်ဝန်းနေကုမ္ပဏီ (SETCL-20) လုပ်ကွက် ပုံချက်ကွင်းဟောင်းပေါ်နှင့် လွယ်ခမ်းလုံ ကုမ္ပဏီ(SETCL- 40,10,11)၊ လင်းလျှံထက် ကုမ္ပဏီ (SETCL-12)လုပ်ကွက်ရှိ စွန့်ပစ်မြေစာပုံများပေါ်တွင် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

ဆေးတက္ကသိုလ်-တောင်ကြီးပါမောက္ခချုပ် တံခွန်စိုက်ဖလားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ဆေးတက္ကသိုလ်-တောင်ကြီး ပါမောက္ခချုပ် တံခွန်စိုက်ဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ယမန်နေ့ညနေ့(၃)နာရီအချိန်တွင် တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့၌ (၃၂)ကြိမ်မြောက် ခေမာရဋ္ဌဗျာဒိတ်ပေးရပ်တော်မူဘုရားကြီး အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ၊ ပဋ္ဌာန်းသိမ်းအောင်ပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ (၃၂)ကြိမ်မြောက် ခေမာရဋ္ဌဗျာဒိတ်ပေး ရပ်တော်မူဘုရားကြီး အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲခမ်းအနားကို ယနေ့နံနက်က အာရုံခံတန်ဆောင်းတွင်ကျင်းပရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)အဖွဲ့ဝင် ၃ ဦးလုကာ၊ အဖွဲ့ဝင်-၄ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒုတိယပြည်နယ်ဦးစီးမှူး ဦးအောင်မြတ်သာ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။

တာချီလိတ်မြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကျင်းပ

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက် အဆင့် (၃) ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားကို ဇွန် ၂၈ ရက် နံနက် ၁၀ နာရီက မိုင်းဟဲကျေးရွာအုပ်စု၊ ပါလိုင်ကျေးရွာတွင်ကျင်းပခဲ့ကြောင်း သိရသည်။

လဲချားမြို့နယ်တွင် ကြက်ခြေနီရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် ကျန်းမာ‌ရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ကြက်ခြေနီရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁)ရက်ကွက်ရှိ နောင်ခမ်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မိုင်းရှူးမြို့နယ် ဝန်ထမ်းပေါင်းစုံနှင့် GEC (ပညာရေး) ငွေစုငွေချေးသမဝါယမအသင်းတို့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် မြို့နယ်ဝန်ထမ်းပေါင်းစုံနှင့် GEC (ပညာရေး) ငွေစုငွေချေးသမဝါယမအသင်းတို့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက်(၉)နာရီက အခြေခံပညာအထက်တန်း ကျောင်း၊ ခရေဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ် အိုက်လုံ-အိုက်ငို့ကျေးရွာချင်းဆက် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အိုက်လုံ-အိုက်ငို့ကျေးရွာချင်းဆက် ကျောက်ချောကို ဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်းစစ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ 

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အထူးပြုဘာသာရပ်ပေါင်းစုံ ဘတ်စကက်ဘောပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးတက္ကသိုလ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အထူးပြုဘာသာရပ်ပေါင်းစုံ ဘတ်စကက်ဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီ က အဆိုပါတောင်ကြီးတက္ကသိုလ် မိုးလုံလေလုံအားကစားခန်းမ၌ပြုလုပ်ရာ တောင်ကြီး တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ပါမောက္ခများ၊ ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမများ ရှမ်းပြည်နယ် အားကစားနှင့်ကာယဦးစီးဌာနမှ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်