ရှမ်းပြည်နယ်

ပင်လုံမြို့တွင် တစ်ပိုင်တစ်နိုင်ဝက်မွေးမြူခြင်းဖြင့် မိသားစုဝင်ငွေတိုး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ ရပ်ကွက် ၁၊ နယ်မြေ(၉)တွင်နေထိုင်သည့် ဦးကျော်ခင်၏ နေအိမ်ခြံဝင်းအတွင်းတွင် ဝက်မွေးမြူခြင်းဖြင့် နှစ်စဥ် စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။

အ.ထ.က မိုင်းနောင်ကျောင်း အသက်(၅)နှစ်အောက် ကလေးငယ်များအား ပိုလီယိုကာကွယ်ဆေး (အပိုဆောင်း) ဒုတိယအကြိမ်တိုက်ကျွေးခြင်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အ.ထ.က မိုင်းနောင်ရှိ အသက် (၅)နှစ်အောက် ကလေးငယ်များအား ပိုလီယိုကာကွယ်ဆေး (အပိုဆောင်း)ဒုတိယအကြိမ်တိုက်ကျွေးခြင်းကို ယနေ့နံနက်(၉) နာရီအချိန်က တိုက်ကျွေးခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ မိုဘိုင်း Library စနစ်ဖြင့် စာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်းကာ ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၃)ပေါ့မိုင်း အခြေခံပညာမူလတန်းကျောင်းတွင် မိုဘိုင်း Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်း ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့၌ မြန်မာနိုင်ငံမဲခေါင်မြစ်ဝှမ်းဒေသအတွင်းရှိ သဘာဝဆေးဖက်ဝင် အပင်မျိုးစိတ်များစုဆောင်းခြင်း၊ ပျိုးထောင်ခြင်း၊ ပြုစုထိန်းသိမ်းခြင်းနည်းပညာဆိုင်ရာ သင်တန်းအလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၃)အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် MLC-Medicinal Plants  စီမံကိန်း၏ သဘာဝဆေးဖက်ဝင် အပင်မျိုးစိတ်များစုဆောင်းခြင်း၊ ပျိုးထောင်ခြင်း၊ ပြုစုထိန်းသိမ်းခြင်းနည်းပညာဆိုင်ရာ သင်တန်းအလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

လဲချားမြို့နယ် အခြေခံပညာမူလတန်းကျောင်း(နောင်ပန်)တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်၊ အခြေခံပညာမူလတန်းကျောင်း(နောင်ပန်)တွင် အသိပညာပေးဟောပြောပွဲကို ယနေ့ နံ​နက် ၁၀ နာရီခွဲအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လဲချားမြို့နယ်တွင် အရန်သားဖွား (အခြေခံ)သင်တန်းဆင်းပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က အရန်သားဖွား(အခြေခံ) သင်တန်းဆင်းပွဲကို ပြည်သူ့ဆေးရုံရှိ သင်တန်းခန်းမတွင် ကျင်းပခဲ့ပါသည်။

ပင်လုံမြို့ အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ အမှတ်(၂)၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ​လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ယမန်နေ့နေ့လယ် ၁ နာရီတွင် သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ပေးခဲ့ပါသည်။

မိုးနဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ  ဒေသဖွံ့ဖြိုးရေး ညှိနှိုင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လဲချားမြို့နယ် ဂျီအီးစီ(ပညာရေး) သမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ နှင့် ၂၀၂၄-၂၀၂၅ ခုနှစ် ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် ဂျီအီးစီ(ပညာရေး)သမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ နှင့် ၂၀၂၄-၂၀၂၅ ခုနှစ် ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က အ.ထ.က (လဲချား)ခန်းမတွင် ကျင်းပခဲ့ပါသည်။

မိုင်းယောင်းမြို့၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့သည့် လက်စွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးပြသ

မိုးစပါးပန်းတိုင်အထွက်နှုန်းထွက်ရှိရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့သည့် လက်စွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးပြသခြင်းကို ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဝမ်ကောင်းအုပ်စု ဝမ်ဟွန်းကျေးရွာ၌ ကျင်းပသည်။
Subscribe to ရှမ်းပြည်နယ်