ရှမ်းပြည်နယ်

လင်းခေးတပ်နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် (ဒုတိယအကြိမ်) ကျင်းပ

သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းနိုင်စေရန်၊ ရာသီဥတုကို အထောက်ကူပြုစေရန်၊ အရိပ်အာ ဝါသရရှိစေရန်နှင့် နိုင်ငံ့စီးပွားအား တစ်ဖက်တစ်လှမ်း အထောက်အကူပြုစေရန်တို့ကို ရည်ရွယ်လျက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်းခေးမြို့ တပ်နယ်စိုက်ကွင်းတွင် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် (ဒုတိယအကြိမ်)ကို ယနေ့နံနက် (၇)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ကျိုင်းတုံတက္ကသိုလ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အကြိုဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံတက္ကသိုလ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အကြိုဟောပြောပွဲကို ယမန်နေ့က အဆိုပါကျောင်းခန်းမတွင် ကျင်းပသည်။

တာလေမြို့၌ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီက  တာလေတိုက်နယ်ကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မက်မန်းမြို့တွင် အခြေခံစာကြည့်တိုက်ပညာသင်တန်း (၂/၂၀၂၅) သင်တန်းဆင်းပွဲ ကျင်းပ

ရှမ်းပြည်နယ် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများအား စာကြည့်တိုက်လုပ်ငန်းများ ကျွမ်းကျင်မှုရှိစေရေး၊ လုပ်ငန်းစွမ်းဆောင်ရည်များ တိုးတက်မြင့်မားစေရေးနှင့် စာငှား/စာဖတ်ပြည်သူများအား ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးစွမ်းနိုင်ရန်အတွက် အခြေခံစာကြည့်တိုက်ပညာသင်တန်း အမှတ်စဉ် (၂/၂၀၂၅) ကို ဇူလိုင် (၂)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယမန်နေ့ညနေ (၃)နာရီအချိန်က မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် သင်တန်းသား၊ သင်တန်းသူများနှင့် သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

‎ပုံပါကျင်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ ပုံပါကျင်မြို့တွင် ရောဂါကူးစက်ပြန့်ပွားမှု ကြိုတင်တားဆီးကာကွယ်နိုင်စေရန်အတွက် ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၁)ရပ်ကွက်အတွင်းရှိ အ.ထ.က (ပုံပါကျင်)ကျောင်း၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဟိုပုံးမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ပြန်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် (၈)နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူး ဌေးအောင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့တို့မှ ဟိုပုံး-ဆီဆိုင်သွား ဗိုလ်ချုပ်အောင်ဆန်းလမ်းတွင် ဆောင်ရွက်ခဲ့ကြသည်။

နမ့်စန်မြို့နယ် နမ့်မော်ခေါက်ဆင့်ကျေးရွာတွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီက မက်မွန်မုန်းကျေးရွာအုပ်စု၊ နမ့်မော်ခေါက်ဆင့်ကျေးရွာ ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။

မိုင်းရှူးမြို့နယ်တွင် အသက် (၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေး၊ ထိုးနှံပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် အသက် (၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေး၊ ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ‌ဆောင်ရွက်ခဲ့သည်။

ကျိုင်းတုံမြို့၌ အသည်းရောင်အသားဝါရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပေးဆွေးနွေးပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အသည်းရောင်အသားဝါရောဂါ ကာကွယ်ထိန်းချုပ်ရေးအသိပေးဆွေးနွေးပွဲကို ယမန်နေ့က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့်ပြည်သူများအား ဇွန်လနောက်ဆုံးပတ်မှစတင်၍ နမ့်စန်မြို့နယ်ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်