ရှမ်းပြည်နယ်

ကွန်ဟိန်းမြို့၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနား ကျင်းပ

သဘာဝဘေးအန္တရာယ်များကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ ထိရောက်လျင်မြန်စွာကယ်ဆယ်နိုင်ရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစိုးမင်းကျော် ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့်ခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကွန်ဟိန်းမြို့၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ (ခမရ-ခမရ၅၂၄) အခြေခံပညာမူလတန်းကျောင်း၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ပါသည်။

မိုင်းရယ်မြို့ အခြေခံမူလတန်းလွန်ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် (၁၀) နာရီက အမှတ် (၁) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် လူငယ်စကားဝိုင်းကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရပ်စောက်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁၅) ဖွင့်ပွဲပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ဗထူးတပ်မြို့ရှိ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်းစစ်ရေးပြကွင်း၌ ယနေ့နံနက် ၈ နာရီက ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၅) ဖွင့်ပွဲ ပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦး‌နေဝင်းအောင်၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် နိုင်ဝင်းအောင်နှင့် တပ်နယ်မှအရာရှိများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ တက်ရောက်ခဲ့ပြီး သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း ကျောင်းအုပ်ကြီးက ပြည်သူ့စစ်မှုထမ်းသင်တန်းသား (၆၉) ဦးအား သင်တန်းဖွင့်မိန့်ခွန်းပြောကြားသည်။

ရပ်စောက်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ‌အခြေခံပညာအထက်တန်းကျောင်း(ပင်ဖြစ်)၌ ကျင်းပပြုလုပ်သည်။

ရပ်စောက်မြို့၌ သမဝါယမအသင်းသားတောင်သူများအား မိုးစပါးစိုက်ပျိုးခြင်းဆိုင်ရာ အသိပညာပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် မိုးစပါးစိုက်ပျိုးသော သမဝါယမအသင်းသားတောင်သူများအား မိုးစပါးစိုက်ပျိုးရေး နည်းပညာပေးဆွေးနွေးပွဲအခမ်းအနားကို အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ရပ်စောက်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲ ပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၄ နာရီက မြို့နယ် လူမှုဝန်ထမ်းဦးစီးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ခိုလမ်မြို့၊ အ.မ.က(နောင်ပိန်)ကျောင်းတွင် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာမူလတန်းကျောင်း(နောင်ပိန်)တွင် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာ‌စောင်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ကျင်းပခဲ့သည်။

ခိုလမ်မြို့တွင် Mobile Library စနစ်ဖြင့် စာအုပ်၊စာစောင်များ ငှားရမ်းပေးခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၁ နာရီခွဲက အခြေခံပညာမူလတန်းကျောင်း(နောင်ပိန်)တွင် ဆောင်ရွက်ခဲ့ပါသည်။

မိုင်းပျဉ်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီက  အဆိုပါကျောင်း နဝဒေးခန်းမတွင် ဆောင်ရွက်ခဲ့သည်။
Subscribe to ရှမ်းပြည်နယ်