ခိုလမ် ဇူလိုင် ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၁ နာရီခွဲက အခြေခံပညာမူလတန်းကျောင်း(နောင်ပိန်)တွင် ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ စာအုပ်၊ စာစောင်များငှားရမ်းပေးရာတွင် ကျောင်းသား/ကျောင်းသူများ မိမိတို့၏ကိုယ်ပိုင်အားလပ်ချိန်များတွင် အလွယ်တကူစာပေဖတ်ရှုလေ့လာနိုင်စေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားလာစေရန်၊ အသိပညာဗဟုသုတများတိုးပွားစေရန်၊ စာဖတ်ရှိန်တိုးတက်မြှင့်မားရေး၊ ပြင်ပဗဟုသုတများနှင့် ကျန်းမာရေး၊ ပညာရေး၊ အားကစားရေးရာကဏ္ဍများကို အဆင်ပြေပြေလေ့လာဖတ်ရှုနိုင်ရေးနှင့် အဖက်ဖက်မှဖွံဖြိုးတိုးတက်သည့် နိုင်ငံသားကောင်းလူငယ်များဖြစ်လာစေရန်ရည်ရွယ်၍ ခိုလမ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက Mobile Library စနစ်ဖြင့် သုတ၊ ရသ စာအုပ်များကို အခမဲ့သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ခိုလမ်(ပြန်/ဆက်)