ခိုလမ်မြို့၊ အ.မ.က(နောင်ပိန်)ကျောင်းတွင် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသ

ခိုလမ် ဇူလိုင် ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာမူလတန်းကျောင်း(နောင်ပိန်)တွင် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာ‌စောင်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ကျင်းပခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(စာကြည့်တိုက်လက်ထောက်-၃) ဒေါ်ဝေဝေအောင်မှ ကလေးအလုပ်သမား၏အဓိပ္ပာယ်များ၊ ကလေးသူငယ်အခွင့်အ‌ရေးများဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များ၊ ကလေးအလုပ်သမားပပျောက်ရေးရည်မှန်းချက်များ စသည်တို့ကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက်တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများအား အရွယ်မရောက်သေးသော ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်ထိန်းသိမ်းခြင်း နံရံကပ်စာစောင်များကို ပြသ‌ပေးခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)