ရှမ်းပြည်နယ်

တုံတာမြို့ အခြေခံပညာအထက်တန်းကျောင်း၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီ ၃၀ မိနစ်က အခြေခံပညာအထက်တန်းကျောင်း၌  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မူဆယ်မြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ကျောင်းသားလူငယ်များ အသိပညာဗဟုသုတရရှိစေရန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ဈေးရပ်ကွက်ရှိ အမှတ် (၃) အခြေခံပညာအထက်တန်း ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းပန်မြို့နယ် ကလေးစာဖတ်ခန်း၌ ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ဆေးရောင်ခြယ်ပြိုင်ပွဲကို ကလေးစာဖတ်ခန်း၌  ယနေ့မွန်းလွဲ ၁ နာရီက ကျင်းပခဲ့သည်။

တာချီလိတ်မြို့၌ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြောင်းလုပ်ငန်းအသင်း အသင်းသားစုံညီအစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြောင်းလုပ်ငန်းအသင်း၏ ၂ဝ၂၂-၂ဝ၂၅ ခုနှစ်သက်တမ်း ဒုတိယအကြိမ် အသင်းသားစုံညီအစည်းအဝေးနှင့် ၂ဝ၂၅- ၂ဝ၂၈ ခုနှစ်သက်တမ်းအတွက် အမှုဆောင်သစ်ရွေးချယ်ပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းက ဝမ်ကောင်းရပ်ကွက်ရှိ HAPPY SENSE RESTAURANT ခန်းမတွင် ကျင်းပသည်။

မိုင်းခုတ်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ဉာဏစွမ်းရည်ပြိုင်ပွဲ ပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့မွန်းလွဲ ၂ နာရီက ဉာဏစွမ်းရည်ပြိုင်ပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

မူဆယ်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မူကြိုကလေးငယ်များနှင့် ကဗျာရွတ်ခြင်း၊ ပုံပြင်ပြောခြင်း၊ စာဖတ်ခြင်းနှင့် ဆေးရောင်ခြယ်ခြင်းများဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ တောင်ရပ်ကွက်ရှိ Bright Pre School မူကြိုကျောင်းမှ ကလေးငယ်များအား ဉာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ငယ်ရွယ်စဉ်ကပင် စာကြည့်တိုက်ကို ရင်းနှီးကျွမ်းဝင်အသုံးပြုနိုင်စေရန်ရည်ရွယ်၍ ကဗျာရွတ်ခြင်း၊ ပုံပြင်ပြောခြင်း၊ စာဖတ်ခြင်းနှင့် ဆေးရောင်ခြယ်ခြင်းများကို မူဆယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၁၀) နာရီအချိန်က ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

တာချီလိတ်မြို့ အ.ထ.က(ဟောင်လိတ်)ကျောင်း၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ယာဉ်လမ်းအန္တရာယ်ကင်းဝေးစေရန်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်ရည်ရွယ်၍ အမှတ် (၁၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (တာချီလိတ်)မှ တာဝန်ရှိသူများက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၁ နာရီက အခြေခံပညာအထက်တန်းကျောင်း (ဟောင်လိတ်)၌ ကျင်းပခဲ့ကြောင်း သိရသည်။

မိုင်းခုတ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကာယစွမ်းရည် ပြိုင်ပွဲပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက်ပိုင်းက ကာယစွမ်းရည်ပြိုင်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဟိုပုံးမြို့ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဥ် (၁၅) သင်တန်းဖွင့်ပွဲသို့ တက်ရောက်ချီးမြှင့်

ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နိုင်ငံသားကောင်း ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဥ်(၁၅)သင်တန်းဖွင့်ပွဲကို တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း စစ်ရေးပြကွင်းတွင် ယနေ့နံနက်(၈)နာရီအချိန်က ကျင်းပရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် အဖွဲ့ဝင်များ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်ဆန်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ် သန့်ထင်စိုး၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းမှ တာဝန်ရှိသူများ၊ ဒေသ/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စစ်မှုထမ်းဟောင်းအဖွဲ့များ တက်ရောက်ကြသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ငလျင်ဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်

‎ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ငလျင်ဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်