မိုင်းပျဉ်း ဇူလိုင် ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီက အဆိုပါကျောင်း နဝဒေးခန်းမတွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာခိုင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် Grade-11 မှ ကျောင်းသား စိုင်းရွက်လောဝ်ဟိန်း၊ Grade-8 မှ ကျောင်းသား မောင်ဖြိုးပြည့်စုံနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းသန္တာဦးတို့က အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်း၊ လူငယ်တွေစည်းကမ်းရှိကြစေရေးနှင့် အနာဂတ်၏ ပန်းကလေးများအကြောင်းတို့ကို အလှည့်ကျ ဟောပြောဆွေးနွေးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ အ.ထ.က ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ တက်ရောက်ကြပြီး အခမ်းအနားတွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပြိုင်ပွဲများတွင် ဆုရရှိသော ကဗျာ၊ ပန်းချီ၊ စာစီစာကုံးနှင့် ဆောင်းပါးများကို ပြသပေးထားရာ ကျောင်းသား၊ ကျောင်းသူများမှ အတုယူလေ့လာမှတ်သားခဲ့ကြကြောင်း သတင်းရရှိသည်။
နန်းသန္တာဦး(ပြန်ဆက်)