ရပ်စောက်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲ ပြုလုပ်

ရပ်စောက် ဇူလိုင် ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၄ နာရီက မြို့နယ် လူမှုဝန်ထမ်းဦးစီးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရန်မျိုးအောင်က ကလေးသူငယ်များရသင့်သည့် အခွင့်အရေးများ၊ တရားရုံးမှ ထောင်ဒဏ်မချမှတ်သင့်သော ကလေးသူငယ်များနှင့်ပတ်သက်၍ ချမှတ်နိုင်သည့်အမိန့်များ၊ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များနှင့်ပတ်သက်၍ တားမြစ်ထားသော ချိုးဖောက်မှုများ၊ ကလေးသူငယ်များအပေါ် ပြစ်မှုကျူးလွန်ပါက ချမှတ်နိုင်သည့် ပြစ်မှုပြစ်ဒဏ်များစသည်ဖြင့် အသိပညာပေး ဟောပြောဆွေးနွေးခဲ့သည်။

ဟောပြောပွဲသို့ ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်‌ရေးမှူးများ၊ ကလေးသူငယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)