ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ၌ အခြေခံကွန်ပျူတာသင်တန်း၊ Bakery & Snack အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်း၊ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်မှုသင်တန်းအမှတ်စဥ် (၂/၂၀၂၅) သင်တန်းများဖွင့်လှစ်
ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရန်ပုံငွေဖြင့် အခြေခံကွန်ပျူတာ သင်တန်းအမှတ်စဥ် (၂/၂၀၂၅)၊ Bakery & Snack အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်း အမှတ်စဥ်(၂/၂၀၂၅)နှင့် လူသုံးကုန် ပစ္စည်းများထုတ်လုပ်မှု သင်တန်းအမှတ်စဥ် (၂/၂၀၂၅) သင်တန်းများဖွင့်ပွဲကို ယမန်နေ့ နံနက် (၉) နာရီက တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ ပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ အစည်းအဝေးခန်းမ၌ ကျင်းပသည်။