မက်မန်းမြို့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာဆန္ဒမဲပေး
ရှမ်းပြည်နယ် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ တတိယအပိုင်း (အပိုင်း-၃) ကို မက်မန်းမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ သက်ဆိုင်ရာမဲရုံအသီးသီးတွင် မဲဆန္ဒရှင်ပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် မဲပေးလျက်ရှိကြောင်း သိရသည်။