ရှမ်းပြည်နယ်

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး မိုးနဲမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)အောင်မြင်စွာကျင်းပနိုင်ရေး တာဝန်ရှိသူများနှင့် တွေ့ဆုံ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို ဇန်နဝါရီ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ လွတ်လွတ်လပ်လပ်အဆင်ပြေချောမွေ့စွာ ဆန္ဒမဲလာရောက်ပေးနိုင်စေရေးအတွက် ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမတွင် ရှမ်းပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်နှင့်အဖွဲ့ဝင်များသည် မိုးနဲမြို့ရှိ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံပြီး မြို့နယ်အတွင်း မဲရုံခင်းကျင်းပြင်ဆင်ဆောင်ရွက်ထားရှိမှုအား လိုက်လံကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(မြောက်ပိုင်း)တာဝန်ခံနှင့် တာဝန်ရှိသူများ သီပေါမြို့နယ်အတွင်း မဲရုံများပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်အတွင်း မဲရုံများပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ယမန်နေ့နံနက် ၈ နာရီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(မြောက်ပိုင်း)တာဝန်ခံ ဦးမြင့်ဦး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အေးမင်းဦး၊ ကျောက်မဲခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းနှင့် အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။    

ကျိုင်းတုံမြို့၌ စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် “လူငယ်နှင့်အခွင့်အလမ်း”စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့၌ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ကျိုင်းတုံ)ရုံးတွင် ကျင်းပခဲ့သည်။

လားရှိုးမြို့ရှိ အရှေ့ခါးရိုးပရိယတ္တိစာသင်တိုက်၌ နေ့ဆွမ်းနှင့် လှူဖွယ်ဝတ္ထုအစုစု ဆက်ကပ်လှူဒါန်းခြင်း အလှူတော်မင်္ဂလာ အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး မိသားစုနှင့် အလှူရှင်များမှ အရှေ့ခါးရိုးပရိယတ္တိစာသင်တိုက်၌ နေ့ဆွမ်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့အား ဆက်ကပ်လှူဒါန်းခြင်း အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတိုက်ကြီးအတွင်း၌ ကျင်းပရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းထွန်း၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် အလှူရှင်များ တက်ရောက်ခဲ့သည်။

လားရှိုးမြို့တွင် မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ရှမ်း/မြောက်) အသင်းသားစုံညီအစည်းအဝေးနှင့် အလုပ်အမှုဆောင်သစ်ရွေးကောက်တင်မြှောက်ပွဲ ကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ရှမ်း/မြောက်)၏ အသင်းသားစုံညီအစည်းအဝေးနှင့် အလုပ်အမှုဆောင်သစ်ရွေးကောက်တင်မြှောက်ပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။

မောက်မယ်မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)တွင် တာဝန်ကျရာအခန်းကဏ္ဍမှ စွမ်းစွမ်းတမံ ပါဝင်ခဲ့သူများအား ချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၁)ရက်နေ့ အပိုင်း(၂) ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများတို့အား ချီးကျူးဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းရှူးမြို့နယ်ရှိ မဲရုံခင်းကျင်းပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ရှမ်းပြည်နယ်သယံဇာတရေးရာဝန်ကြီး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃)ကို မကြာမီကျင်းပပြုလုပ်မည်ဖြစ်ရာ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ လွတ်လွတ်လပ်လပ် အဆင်ပြေချောမွေ့စွာ ဆန္ဒမဲလာရောက်ပေးနိုင်စေရေးအတွက် ယနေ့နံနက် (၉)နာရီအချိန်က ရှမ်းပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက မြို့နယ်အတွင်း မဲရုံခင်းကျင်းပြင်ဆင်ဆောင်ရွက်ထားရှိမှုအား လိုက်လံကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

ပင်းတယမြို့ (Community Centre)ခန်းမ၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့(အကြို)အထိမ်းအမှတ် ပြိုင်ပွဲနှင့် ပြပွဲများ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ) (Community Centre)ခန်းမတွင် ယ‌နေ့နံနက် ၁၀ နာရီအချိန်က (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့(အကြို)အထိမ်းအမှတ်အဖြစ် ပြိုင်ပွဲနှင့် ပြပွဲများကို ကျင်းပပေးခဲ့ကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်