ပင်းတယမြို့နယ်တွင် မိုးစပါးစိုက်ပျိုးမည့် သမဝါယမအသင်းသားများအား သွင်းအားစုပေးအပ်ပွဲ ကျင်းပ
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ အင်းငယ်ကျေးရွာအုပ်စု အင်းငယ်ဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့က အင်းငယ်ကျေးရွာအုပ်စုအတွင်းရှိ ပြည့်ဖြိုးအောင်မျိုးစေ့ထုတ်သမဝါယမအသင်းနှင့် ညောင်ပင်ဝိုင်းစိုက်/ထွေသမဝါယမ အသင်းသူ၊ အသင်းသားသားများအား သမဝါယမဦးစီးဌာနမှ ပြည်ထောင်စုဘဏ္ဍာရံပုံငွေဖြင့် ပေးအပ်သောသက်တန့်ရောင်စီမံကိန်း " အရင်းမပျောက်ရံပုံငွေ " ဖြင့် မိုးစပါးအတွက်သွင်းအားစုထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပသည်။