မိုင်းပန် ဇွန် ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းသား/သူများအားကျန်းမာရေးဟောပြောခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းကို ဇွန် ၁၀ ရက်နေ့ နံနက်ပိုင်းက အ.ထ.က(မိုင်းပန်)၌ ကျင်းပခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများအား မျက်လုံးများစစ်ဆေးပေးခြင်း၊ မှတ်ပုံတင်များလုပ်ဆောင်ရန်အတွက် သွေးအုပ်စုများစစ်ဆေးပေးခြင်းနှင့် ကျောင်းတွင်းစျေးဆိုင်သန့်ရှင်းမှုအား ကြည့်ရှုစစ်ဆေးပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)