ရှမ်းပြည်နယ်

ကျိုင်းတုံမြို့၌ မြို့နယ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့တို့ ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပသည်။

မက်မန်းမြို့တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်းများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန၏ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့က ဆွတ်ဝိုးအုပ်စု၊ အောင်သံလွင်ကျေးရွာ၊ အ.ထ.က(ခွဲ) ကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

လားရှိုးမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန (၃၁) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်စုပေါင်းသွေးလှူဒါန်းပွဲကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်တွင် ကျရောက်မည့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန (၃၁) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲကို ဇွန်လ ၁၂ ရက်က ခုတင် (၅၀၀) ဆံ့ အထွေထွေရောဂါကု‌ပြည်သူ့ဆေးရုံကြီးရှိ သွေးလှူဘဏ်၌ ကျင်းပသည်။

အွန်လိုင်းလိမ်လည် လောင်းကစားလုပ်ငန်း တားဆီးကာကွယ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဗလမင်းထင်ခန်းမ၌ ယမန်နေ့က အွန်လိုင်းလိမ်လည် လောင်းကစားလုပ်ငန်း တားဆီးကာကွယ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပကြောင်း သိရသည်။

မိုးနဲမြို့တွင် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း ဆောင်ရွက်ရန် ပေါင်စနစ်ဖြင့်ပျိုးထောင်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်း ဆောင်ရွက်ရန် ပေါင်စနစ်ဖြင့်ပျိုးထောင်မှုကို ယမန်နေ့ နံနက် ၈ နာရီအချိန်က နမ့်မော်ဆွမ့်ကျေးရွာအုပ်စုရှိ တောင်သူ ဦးစိုင်းသန်းထွန်းနှင့်ဦးစိုင်းထွန်း တို့၏ လယ်မြေနေရာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟိုပုံးမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် စာရေးများအား စွမ်းဆောင်ရည်မြှင့်မားရေး သင်တန်းဆင်းပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးများအား စွမ်းဆောင်ရည်မြှင့်မားရေး သင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ (၃) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တောင်ကြီး၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ

ရှမ်းပြည်နယ်(တောင်ပိုင်း)လူငယ်များ အသိပညာဗဟုသုတတိုးပွားရေး၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာရေး ဆရာများနှင့် အခြေခံပညာအထက်တန်းများတို့ ပူးပေါင်းပြုလုပ်သည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ဇွန် ၁၁ ရက် နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ပုလဲအားကစားခန်းမ၌ ပြုလုပ်ခဲ့သည်။

ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်းသို့ အသိပညာပေးဟောပြောကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှပြုလုပ်နေသည် သင်တန်းသို့ အသိပညာပေးဟောပြောကို ဇွန် ၁၂ ရက် မွန်းလွဲ ၁ နာရီက  လူထုအခြေပြု ဗဟိုဌာန၊ ဘက်စုံသုံးအစည်းအ‌ဝေးခန်းမ၌ ကျင်းပခဲ့သည်။

မိုင်းရယ်မြို့နယ် နားခိုကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း၌ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းရယ်မြို့နယ်ရုံးမှ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ထုတ်ပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက နားခိုကျေးရွာအုပ်စု၊ နားခိုကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း၌ ပြုလုပ်သည်။

ကွန်ဟိန်းမြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေး

‎ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကွန်ဟိန်းမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊ ရပ်ကွက်(၃)အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၌ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များအား ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်