ကွန်ဟိန်းမြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေး

ကွန်ဟိန်း ဇွန် ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကွန်ဟိန်းမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊ ရပ်ကွက်(၃)အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၌ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များအား ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကွန်ဟိန်းမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်သူဝင်းမှ ဦးစီး၍ အသက်(၁၀)နှစ်ပြည့်ပြီး ကျောင်းသား/သူ စုစုပေါင်း (၉၀) ဦးအား နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခွန်ရဲထွေး