ရှမ်းပြည်နယ်

ပင်လုံမြို့ အ-ထ-က (၂) ကျောင်း၌ လူငယ်နှင့် အားကစား လူငယ်စကားဝိုင်း ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊   လွိုင်လင်ခရိုင်၊ပင်လုံမြို့ ၊အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသည့်စကားအတိုင်း နိုင်ငံ၏ အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် ကျောင်းသား/ ကျောင်းသူ လူငယ်လူရွယ်လေးများအနေဖြင့် အသိဥာဏ်ပညာ ဗဟုသုတများပြည့်စုံကြွယ်ဝပြီး ကာယ၊ဉာဏ၊စာရိတ္တ၊မိတ္တ၊ဘောဂစသည့် ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ လူငယ်များအတတ်ပညာနှင့် ကျင့်ဝတ်တန်ဖိုးမြှင့်တင်ပေးရန်၊ စကားပြောအတတ်ပညာများ ကျွမ်းကျင်တတ်မြောက်စေရန်၊ လူအများရှေ့တွင် ရဲဝံ့စွာပြောဆိုဆွေးနွေးတတ်စေရန်၊ စာဖတ်ခြင်းအလေ့အထကောင်းများရရှိစေရန်နှင့် စာပေများ ဖတ်ရှု့၍ အသိပညာဗဟုသုတများကို ပြန်လည်မျှဝေတတ်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍''လူငယ်နှင့်အားကစားအကြောင်းသိကောင်းစရာ'' လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် (၉)နာရီအချိန်က အဆိုပါ ကျောင်း၌ ကျင်းပ​ပြုလုပ်ခဲ့သည်။

လဲချားမြို့တွင် မိုင်းအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့တွင် သတိပြုဆင်ခြင်ဖွယ် မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အ.လ.က(၁)တွင် ဆောင်ရွက်ခဲ့ပါသည်။

ကလောမြို့၊ အမှတ် (၃) အခြေခံပညာမူလတန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာ‌စောင် ပြသ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ စက်တင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီက အမှတ် (၃) အခြေခံပညာမူလတန်းကျောင်း (ယာယီ) ကျောင်းဆောင်၌ ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာ‌စောင်များ ပြသခဲ့သည်။

မိုင်းတုံမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက်ပိုင်းအချိန်က မြို့နယ်ပညာရေး၊ မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူး‌ပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

တာလေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ကလေးစာဖတ်ခန်း၌ ကလေးများအား စက္ကူဖြင့် အရုပ်ခေါက်ပြခြင်း ဆောင်ရွက်ပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊တာချီလိတ်ခရိုင်၊ တာလေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်  ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါရုံးရှိ ကလေးစာဖတ်ခန်း၌ စက္ကူဖြင့်အရုပ်ခေါက်ပြခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းတုံမြို့၌ ခရိုင်နိုင်ငံ့စီးပွားမြှင့်တင်‌ရေးရန်ပုံငွေ ကြီးကြပ်စီမံခန့်ခွဲရေးကော်မတီမှ မွေးမြူရေးအ‌ခြေအနေများအား ကွင်းဆင်းကြည့်ရူ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ခရိုင်နိုင်ငံ့စီးပွားမြှင့်တင်‌ရေးရန်ပုံငွေ ကြီးကြပ်စီမံခန့်ခွဲရေးကော်မတီဒုဥက္ကဋ္ဌ ဦးသိန်း‌ဇော်ဝင်းနှင့် အဖွဲ့ဝင်များသည် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့်ပူး‌ပေါင်း၍ ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် မိုင်းတုံမြို့နယ်အတွင်းရှိ ဝက်ကျန်းမာရေး၊ ဝက်ခြံများအား ပိုးသတ်ဆေးများ လိုက်လံပက်ဖျန်းခြင်းကို ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့‌ကြောင်း သိရသည်။

မိုင်းဆတ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန် ပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပပြုလုပ်ပေးလျက်ရှိရာ ယနေ့ နေ့လယ် ၁၂ နာရီခွဲက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

လဲချားမြို့နယ်၊ အ.မ.က(ဟိုနောင်လုံ)ကျောင်းတွင် အသိပညာပေးဟောပြောပွဲနှင့်‌ နံရံကပ်စာစောင်ပြပွဲဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်၊ အခြေခံပညာမူလတန်းကျောင်း (ဟိုနောင်လုံ) တွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နေ့လယ် ၁ နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးနဲမြို့ အခြေခံပညာအထက်တန်းကျောင်း၌ မူလတန်းသင်္ချာစွမ်းရည်ပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအုပ်ဆရာမကြီး၏ ကြီးကြပ်မှုဖြင့် ကျောင်းတွင်းသင်္ချာ စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အဆိုပါကျောင်းရှိ ပန်းချီပြခန်းနေရာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းရယ်မြို့၌ အခြေခံမူလတန်းလွန်ကျောင်း(နောင်မို)ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုင်းရယ်မြို့၌ အခြေခံပညာကျောင်းမူလတန်းလွန်ကျောင်း(နောင်မို)တွင် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုလျှော့ချရေးအသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်အား ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ရှမ်းပြည်နယ်