ကလောမြို့နယ်၊ ကျောက်စုကျေးရွာအခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ကလော ဇန်နဝါရီ ၁၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဇန်နဝါရီ ၁၇ ရက် နံနက် ၁၀ နာရီက ကျောက်စုကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟော ပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောက်စုကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီလွင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ၊ ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးကြွယ်တို့က လူငယ်ရေးရာနှင့် ပတ်သက်၍ ကျောင်းသား၊‌ကျောင်းသူများအား ဗလငါးတန်ဖွံ့ဖြိုးတိုးတက်‌ရေးအတွက် ဗလငါးတန်အကြောင်းနှင့် စာအုပ်၊စာ‌စောင်များအား ကျောင်းအားလပ်ချိန်တွင် ဖတ်ရှုခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးအကြောင်းတို့ကို အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား၊ကျောင်းသူများအား ကျောင်းစာအပြင် ပြင်ပဗဟုသုတများ တိုးပွားစေရေးအတွက် လူကုန်ကူးမှုဆိုင်ရာအကြောင်း အသိပညာပေး နံရံကပ်စာစောင်များ ပြသခဲ့ရာ ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)