နမ့်စန်မြို့နယ်တွင် Oxygen Concentrator များ လှူဒါန်း

နမ့်စန်(တ) ဇန်နဝါရီ ၁၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် Myanmar Energine Power Resources Co.,Ltd မှ နမ့်စန်မြို့နယ်အတွက် Oxygen Concentrator များ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၁၁ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းက အဖွင့်အမှာ စကားပြောကြားခဲ့သည်။

ထို့နောက် Myanmar  Energine Power Resources Co.,Ltd မှ မန်နေးဂျင်းဒါရိုက်တာ ဦးကျော်လင်းထွန်းက Oxygen Concentrator များပေးအပ်လှူဒါန်းခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး တာဝန်ရှိသူများနှင့်အတူ Oxygen Concentrator (၂၅) လုံးကို ပေးအပ်လှူဒါန်းခဲ့ရာ နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံ၊ ခိုလမ်မြို့ ပြည်သူ့ဆေးရုံ၊ အမှတ် (၈/၁၀၀) စစ်ဆေးရုံနှင့် နမ့်စန်မြို့ရှိ လူမှုကူညီရေးအသင်းအဖွဲ့ (၄) ဖွဲ့တို့အတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်း၊ အဖွဲ့ဝင် ဗိုလ်မှူး စိုင်းလှိုင်ဝင်းနိုင်၊  မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းခိုင်နှင့် မြို့နယ်မှတာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ကြကြောင်း သိရသည်။

သူရအောင်(နမ့်စန်)