ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ယာယီနေရပ်စွန့်ခွာစုရပ်များရှိ ကျောင်းသား၊ ကျောင်းသူများအား ထီးများ ပေးအပ်၊ အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ရခိုင်ပြည်နယ်ကိုယ်စားပြု အားကစားသမားများအား ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနား တက်ရောက်
စစ်တွေမြို့၊ ယာယီနေရပ်စွန့်ခွာစုရပ်များရှိ ကျောင်းသား၊ ကျောင်းသူများအား ထီးများထောက်ပံ့ပေးအပ်ခြင်းနှင့် ၂၀၂၅ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ရခိုင်ပြည်နယ်ကိုယ်စားပြုအားကစားသမားများအား ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က အောင်မြေကုန်းဘုန်းတော်ကြီးကျောင်းနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတို့၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။