ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စက်မှုလယ်ယာစနစ်ကျလယ်မြေ ဆောင်ရွက်ထားမှုနှင့် ဆက်လက်စိုက်ပျိုးမည့်အစီအစဉ်ကွင်းပြပွဲတက်ရောက်
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၇၂) စက်မှုလယ်ယာစခန်း၊ စစ်တွေမြို့မှ ဆောင်ရွက်သော စက်မှုလယ်ယာစနစ်ကျလယ်မြေ (၇) ဧက ဖော်ထုတ်ခြင်း လုပ်ငန်းဆောင်ရွက်ထားမှုနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဆက်လက်စိုက်ပျိုးမည့်အစီအစဉ်များအား ကွင်းပြပွဲကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ ပြည်တော်သာစိုက်ကွင်း၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တောင်သူလယ်သမားများ တက်ရောက်ကြသည်။