အ.ထ.က(ခွဲ)ငကျော်တောင်ကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန် ဆုချီးမြှင့်ပွဲကျင်းပ

သံတွဲ ဇန်နဝါရီ ၂

ရခိုင်ပြည်နည်၊ သံတွဲမြို့၊ အ.ထ.က(ခွဲ)ငကျော်တောင်ကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန် ဆုချီးမြှင့်ပွဲအခမ်းအနားကို မန်နေ့ နံနက် ၁၁ နာရီက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ Grade-4/5 ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်း တေးသီချင်းအားစုပေါင်းသီဆို၍ အခမ်းအနားကိုဖွင့်လှစ်ပေးကြသည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်မီမီဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောင်းအကျိုးဆောင်နာယက အငြိမ်းစားကျောင်းအုပ်ဆရာကြီး ဦးအောင်ကျော်သိန်းက ပညာရည်ချွန်ဆု ချီးမြှင့်ပွဲကျင်းပမှု အခြေအနေများနှင့် ကျောင်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို အကြံပြုရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပညာရည်ချွန်ဆု ဘက်စုံထူးချွန်ဆု၊ ကျောင်းတက်အမှန်ဆုံး ဆရာ/ဆရာမဆုများကို ကျောင်းအုပ်ဆရာမကြီး၊ ကျောင်းအကျိုးဆောင်အဖွဲ့နာယကကြီးများ၊ အကျိုးတော်ဆောင်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် အလှူရှင်များက ဆုများအသီးသီးချီးမြှင့် ပေးခဲ့ကြကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက် )