အမ်း ဇန်နဝါရီ ၂၄
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဒု-လဝကမှူး ဦးတင်မင်းလတ် ကြီးကြပ်မှုဖြင့် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် နိုင်ငံသားကတ်မရှိသူများအား နိုင်ငံသား စိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးခြင်းကို ယမန်နေ့က ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြို့နယ်လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဒု-လဝကမှူး ဦးတင်မင်းလတ်နှင့် ဝန်ထမ်းများက လေယဉ်ကွင်းရပ်ကွက် အမှတ်(၃) အခြေခံ ပညာအထက်တန်းကျောင်းမှ နိုင်ငံသားကတ်မရှိသည့် ကျောင်းသား(၅၂)ဦး၊ ကျောင်းသူ(၄၅)ဦး စုစုပေါင်း(၉၇)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
မြို့နယ်ပြန်/ဆက်