တောင်ကုတ်မြို့၌ အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့၌ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၏ ဦးဆောင်မှုဖြင့် စေတနာရှင်များစုပေါင်း၍ အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ဖောင်တော်ဦးစေတီတော်၊ ဓမ္မဝိဇယသာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပခဲ့သည်။