ရခိုင်ပြည်နယ်

တောင်သာမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ ပုံပြောပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြသ

တောင်သာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ ပုံပြောပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ယနေ့နံနက် (၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

ကျောက်ဖြူခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းက “နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။

ဂွမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဝန်ထမ်းများနှင့် စာဖတ်ဝိုင်းဆောင်ရွက်ခြင်းကို ယနေနေ့လယ်ပိုင်းက Community Centre ခန်းမ၌ ပြုလုပ်ခဲ့သည်။

သံတွဲမြို့၌ e-ID စနစ်လုပ်ငန်းဆိုင်ရာ ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်းများဆောင်ရွက်

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ သံတွဲမြို့နယ်ဦးစီးမှူးရုံးမှ e-ID စနစ်လုပ်ငန်းဆိုင်ရာ ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်းကို စက်တင်ဘာ ၂၆ ရက် နံနက် ၉း၃၀ နာရီမှစတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၁ နာရီတွင် သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ အမှတ်(၃)ရပ်ကွက်ရှိ ပြည်သူများအား ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့တော် အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေမှုနှင့် ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့တော် အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေမှုနှင့် ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ အသက်(၂)နှစ်အောက်ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်ပေး

ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ရုံးတွင် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြသည်။  

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့ ဘိုးဘွားရိပ်သာသို့ ထောက်ပံ့ပစ္စည်းများပေးအပ်လှူဒါန်းပွဲ တက်ရောက်

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ စစ်တွေဘိုးဘွားရိပ်သာသို့ ထောက်ပံ့ပစ္စည်းများပေးအပ်လှူဒါန်းပွဲကို ယမန်နေ့နေ့လယ်ပိုင်းက ဘိုးဘွားရိပ်သာဓမ္မာရုံ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ကြသည်။

ကျိန္တလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး  Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်း ဆောင်ရွက်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့နေ့လယ်ပိုင်းက မြို့စည်ပင်သာယာရေးအဖွဲ့ ရုံးဝန်ထမ်းများနှင့်ကျန်းမာရေးဌာနမှ ဝန်ထမ်းများအား အခမဲ့ငှားရမ်းပေးခဲ့သည်။

တောင်ကုတ်မြို့၌ အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဌာန်းအောင်ပွဲ ကျင်းပ

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့၌ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၏ ဦးဆောင်မှုဖြင့် စေတနာရှင်များစုပေါင်း၍ အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဌာန်းအောင်ပွဲကို ယနေ့နံနက် (၉) နာရီအချိန် ဖောင်တော်ဦးစေတီတော် ၊ ဓမ္မဝိဇယ သာသနာ့ဗိမာန်တော်ကြီး ၌ကျင်းပသည်။

ကျိန္တလီမြို့တွင် (၂) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် (၂) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့ နံနက် (၉) နာရီမှ ညနေ (၃) နာရီအချိန်ထိ ပြည်သူ့ဆေးရုံတွင် စတင်ထိုးနှံပေးလျက်ရှိသည်။
Subscribe to ရခိုင်ပြည်နယ်