ဂွ မတ်လ ၁၄
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေချစ်မြတ်နိုးသူများပါဝင်သည့် Youth Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို လစဉ်ကျင်းပလျက်ရှိရာ ယနေ့ နေ့လယ်ပိုင်းတွင် မောင်မိုးယံ၏ လူငယ်နှင့်အနာဂတ်ဘဝမြှင့်တင်ရေး ဆောင်းပါးများစာအုပ်ဖြင့် ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးခိုင်မိုးမင်းက စာဖတ်ဝိုင်း ပြုလုပ်ရခြင်းဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်များရရှိပြီး အသိပညာ ဗဟုသုတများ တိုးပွားလာခြင်း၊အမှားအမှန်ဝေဖန် ပိုင်ခြားနိုင်မှုများ ရရှိလာခြင်း၊ စာပေအကြောင်းအရာများကို တစ်ဦးနှင့်တစ်ဦးဖလှယ်နိုင်ပြီး စာပေအကျိုးကျေးဇူးကို ရရှိခံစားနိုင်စေခြင်း စသည့် ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းကို ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် Youth Club အဖွဲ့ဝင်များက မောင်မိုးယံ၏ လူ့ဘဝတိုးတက်ရာတိုးတက်ကြောင်း စာအုပ်တွင်ပါရှိသည့် "လူငယ်နှင့်ပရဟိတစိတ်" ၊"လူငယ်နှင့်မိမိကိုယ်မိမိ အားကိုးယုံကြည်စိတ်" "လူငယ်နှင့်ဆေးလိပ်အန္တရာယ်" လူငယ်နှင့်လူမှုဆက်ဆံရေး" စသည့်ဆောင်းပါးများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းနှင့်ဒုတိယဦးစီးမှူးက ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်