ရခိုင်ပြည်နယ်

ကျိန္တလီမြို့၌ ဒေသထွက် ဓနိအုန်းပျစ်များ စျေးကွက်အတွင်း စျေးကောင်းရ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် ဓနိအုန်းပျစ်လုပ်ငန်း လုပ်ကိုင်သူများသည် ဓနိအုန်းပျစ်များကို ဖေဖေါ်ဝါရီလတွင် ရောင်းချချိန်၌ စျေးကောင်းရရှိကြောင်း သိရသည်။

ကျောက်ဖြူခရိုင်၌ Grade-5 နှင့် Grade-9 စာမေးပွဲ သိပ္ပံဘာသာရပ်နှင့် ပထဝီဘာသာရပ်အား ကျောင်းသား၊ကျောင်းသူများမှ ဝင်ရောက်ဖြေဆို

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-5 နှင့် Grade -9 အတန်းဆုံး စာမေးပွဲအား သက်ဆိုင်ရာ စာစစ်ဌာနအလိုက် ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက သိပ္ပံဘာသာရပ်နှင့် ပထဝီဘာသာရပ်ကို ကျောင်းသား/ကျောင်းသူများမှ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

တောင်ကုတ်မြို့နယ်၌ အခြေခံပညာ Grade-5 နှင့် Grade-9 စာမေးပွဲ ပထဝီဘာသာရပ်နှင့် သိပ္ပံဘာသာရပ်များကို စာစစ်ဌာနများအလိုက် အေးချမ်းစွာ ဖြေဆိုလျက်ရှိ

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် အခြေခံပညာကျောင်းများ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ Grade-5 နှင့် Grade-9 စာမေးပွဲများကို ယနေ့နံနက် (၉) နာရီအချိန်တွင် စာစစ်ဌာနများအလိုက် ကျင်းပလျက်ရှိရာ ပထဝီဘာသရပ်နှင့် သိပ္ပံဘာသာရပ်ကို အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ကျောက်ဖြူမြို့တွင် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုအကြောင်း သိကောင်းစရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ပြုလုပ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဦးစီးဌာနတို့ ပူးပေါင်း၍ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုအကြောင်း သိကောင်းစရာ အသိ ပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပပြုလုပ်သည်။

ကျောက်ဖြူမြို့၌ ဌာနပေါင်းစုံ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်၊ ဝန်ထမ်းများအချင်းချင်း ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် စည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်တတ်စေရန်၊ တစ်ဦးနှစ်တစ်ဦး အပြန်အလှန် ချစ်ကြည်ရင်းနှီးမှုနှင့် ပျော်ရွှင်မှုရရှိစေရန်ရည်ရွယ်၍ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကျင်းပသည့် ဌာနပေါင်းစုံ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ အစိုးရရပ်ကွက်ရှိ ဦးဥတ္တမပန်းခြံ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ရဲတပ်ဖွဲ့ဝင်များနှင့် အထူးနေ့လယ်စာ စားပွဲတက်ရောက်၊ ဌာနဆိုင်ရာရုံးများ၌ ဝန်ထမ်းများ စုပေါင်းထမနဲထိုးနေမှု ကြည့်ရှုအားပေး

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက အမှတ်(၄)လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့ရုံး၊ အမှတ်(၃၆) လုံခြုံရေးရဲတပ်ဖွဲ့ခွဲ စားရိပ်သာခန်းမ၌ အရာရှိ၊ အခြားအဆင့်၊ တပ်ဖွဲ့ဝင်များနှင့်တူ အထူးနေ့လယ်စာစားပွဲသို့ တက်ရောက်ကြပြီး ဌာနဆိုင်ရာရုံးများ၌ ဝန်ထမ်းများ စုပေါင်းထမနဲထိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေးကြသည်။

အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်ပြပွဲ ပြုလုပ်

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နေ့လယ်က ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်ပြပွဲ ပြုလုပ်ခဲ့သည်။

ဂွမြို့နယ်၌ Grade-5 နှင့် Grade-9 အတန်းဆုံးစာမေးပွဲကို ဒုတိယနေ့အဖြစ်ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆို

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် Grade-5၊ Grade-9 အတန်းဆုံးစာမေးပွဲအား သက်ဆိုင်ရာစာစစ်ဌာန ကျောင်းများအလိုက်ကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် ဒုတိယနေ့အဖြစ် ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာဖြင့် ဖြေဆိုလျက်ရှိကြသည်။

တောင်ကုတ်မြို့နယ်၌ အခြေခံပညာ Grade-5 နှင့် Grade-9 စာမေးပွဲ အင်္ဂလိပ်စာ ဘာသာရပ် ဖြေဆိုနေမှုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ ကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ Grade-5 နှင့် Grade-9 အတန်းများ၏ နှစ်ဆုံးစာမေးပွဲများကို ကျင်းပလျက်ရှိရာ အင်္ဂလိပ်စာဘာသာရပ် ဖြေဆိုနေမှုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ အခြေခံပညာကျောင်းများတွင် Grade-5 နှင့် Grade-9 သင်ရိုးသစ်စာမေးပွဲ သင်္ချာဘာသာရပ် ဆက်လက်ဖြေဆို

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (Grade-5)နှင့်(Grade-9) သင်ရိုးသစ်စာမေးပွဲ သင်္ချာဘာသာရပ်အား ယမန်နေ့ နံနက် ၉ နာရီက သက်ဆိုင်ရာစာစစ်ဌာနကျောင်းများတွင် ဖြေဆိုလျက်ရှိသည်။
Subscribe to ရခိုင်ပြည်နယ်