တောင်ကုတ် မတ် ၁၅
တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကိုစာစစ်ဌာန(၄)ခု ဖွင့်လှစ်၍ ကျင်းပလျက်ရှိရာ ရူပဗေဒနှင့်သမိုင်းဘာသာရပ်များကို ကျောင်းသား၊ကျောင်းသူမှ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်းသိရသည်။
တောင်ကုတ်မြို့နယ်တွင် စာစစ်ဌာနများအဖြစ် အ.ထ.က(၁)၊ အ.ထ.က(၂)မြို့မ ၊ အ.ထ.က(၄)နှင့် အ.ထ.က (ရွာမ)တို့တွင် စာစစ်ဌာနများဖွင့်လှစ်၍ကျင်းပလျက်ရှိပြီး ရူပဗေဒဘာသာရပ်၌ ဖြေဆိုရန်စာရင်းရှိ ၁၁၉၉ ဦးရှိသည့်အနက် ၁၀၉၃ ဦးကလည်းကောင်း၊ သမိုင်းဘာသာရပ်၌ ဖြေဆိုရန်စာရင်းရှိ ၁၀၆ ဦးရှိသည့် အနက် ၉၉ ဦးကလည်းကောင်း ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
တောင်ကုတ်မြို့နယ်တွင် စာစစ်ဌာနများအလိုက် အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ၊ တောင်ကုတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သန်းထွဋ်လွင်၊ မြို့နယ်စီအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)