ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့တော် အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေမှုနှင့် ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့တော် အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေမှုနှင့် ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

ကျိန္တလီမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲအား အ.ထ.က ကျိန္တလီ စာစစ်ဌာနတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ကျောင်းသား/ကျောင်းသူ (၁၁၀)ဦး ဝင်ရောက်ဖြေဆိုမည်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ (၂၀၂၃-၂၀၂၄ )ပညာသင်နှစ်တွင် တက္ကသိုလ်ဝင် စာမေးပွဲအား အ.ထ.က ကျိန္တလီ စာစစ်​ဌာနတွင်ကျင်းပမည်ဖြစ်ပြီး မြို့အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများ ဝင်ရောက်ဖြေဆိုသွားမည် ဖြစ်ကြောင်း သိရသည်။

ဂွမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ဆောင်ရွက်

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေလေ့လာ ဖတ်ရှုမှုများ တိုးပွားစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်‌ရေးအဖြစ်  ယမန်နေ့နေ့လယ်ပိုင်းက ဌာနဆိုင်ရာရုံးများသို့ သွားရောက်ပြီး နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ် ဆောင် ရွက်ခဲ့ကြ‌သည်။

ကျိန္တလီမြို့ အ.ထ.က ကျောင်းစာစစ်ဌာန၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေး

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ အ.ထ.က ကျောင်းစာစစ်ဌာန၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ကျိန္တလီနယ်မြေ မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ကျောက်ဖြူခရိုင်၌ တက္ကသိုလ်ဝင်စာမေးပွဲအား စာစစ်ဌာန(၁၂)ခုဖြင့် ကျင်းပမည်ဖြစ်ပြီးကျောင်းသား/ကျောင်းသူ(၂၁၄၇)ဦး ဝင်ရောက်ဖြေဆိုမည်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်အတွင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအား စာစစ်(၁၂)ခုဖြင့် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ  ကျောင်းသား၊ကျောင်းသူ (၂၁၄၇)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။  

တောင်ကုတ်မြို့၌ ရက္ခပူရ သာသနာလင်္ကာရ စာမေးပွဲ စာအောင်ဆုနှင်းသဘင်ပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့တွင် ရခိုင်ပြည်နယ်၊ ရက္ခပူရ သာသနာလင်္ကာရ အသင်းက ကြီးမှူးကျင်းပသည့် နဝမအကြိမ် ရက္ခပူရသနာလင်္ကာရ စာမေးပွဲကို တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့ စာဖြေဌာန၌ ပထမအကြိမ်အဖြစ် ကျင်းပခဲ့ရာ စာဖြေဌာနမှ ဖြေဆို အောင်မြင်ခဲ့ကြသည့် စာအောင်သံဃာတော်များအား အောင်လက်မှတ်ဆက်ကပ်ခြင်းနှင့် စာအောင်ဆု ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ (၁) နာရီ အချိန်က ဖောင်တော်ဦးစေတီတော်ရှိ ဓမ္မဝိဇယဓမ္မာရုံတော်၌ ကျင်းပသည်။

ဂွမြို့နယ်တွင်  စာစစ်ဌာန ကျောင်းများအား မီးဘေးလုံခြုံရေးစစ်ဆေး

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနအဖြစ် ဆောင်ရွက်မည့် အခြေခံပညာကျောင်းများအား မေလ(၄)ရက်နေ့မှ စတင်ကာ မြို့နယ်မီးသတ်စခန်းမှ ဒုမီးသတ်ဦးစီးမှူး ဦးသန်းယဥ် ဦးဆောင်သော တပ်ဖွဲ့ဝင်များနှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးကျော်သက်ဌေးနှင့် ဝန်ထမ်းများက တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနေစဥ် ကာလအတွင်း မီးလန့်မှု၊ မီးလောင်မှု မဖြစ်ပွားစေရေးနှင့် လျှပ်စစ်အန္တရာယ် မဖြစ်ပေါ်စေရေးအတွက်  မီးဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

အမ်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားစေရေးအတွက် ယမန်နေ့နေ့လယ်က ရုံးလုပ်ငန်းဆိုင်ရာစာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ “လူငယ်နှင့် စဉ်းစားတွေးခေါ်မှု” အသိပညာပေး Talk Show ပြုလုပ်

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ “လူငယ်နှင့် စဉ်းစားတွေးခေါ်မှု” အသိပညာပေး Talk Show ကို ယမန်နေ့နံနက် ၁၀ နာရီအချိန် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

ကျောက်ဖြူမြို့၌ နွေရာသီ အခြေခံအားကစားသင်တန်းများ အခမဲ့ဖွင့်လှစ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌  ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံလူငယ်များအား နွေရာသီကျောင်းပိတ်ရက်ရှည်ကာလများတွင် အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန်၊ ထူးချွန်ထက်မြက်ပြီး နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားကောင်းများဖြစ်လာစေရန်ရည်ရွယ်၍ နွေရာသီအခြေခံ အားကစားသင်တန်းများကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှစတင်ကာ မြို့မအားကစားဘောလုံးကွင်းတွင် အခမဲ့ ဖွင့်လှစ်ပြသလျက်ရှိကြောင်း အားကစားနှင့်ကာယပညာဦးစီးဌာန ခရိုင်ဦးစီးမှူးထံမှ သိရသည်။
Subscribe to ရခိုင်ပြည်နယ်