အမ်းမြို့နယ်ရှိ  စာစစ်ဌာန (၆)ခုတွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်များ ဆက်လက်ဖြေဆို

အမ်း  မတ်   ၁၆

အမ်းမြို့နယ်အတွင်းရှိ စာစစ်ဌာန (၆) ခုတွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာစစ်ဌာန(၆)ခုတွင် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်များကို ယမန်နေ့နံနက်ပိုင်းက ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြေဆိုလျက်ရှိသည်။

အမ်းမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အထက(၁)စာစစ်ဌာန၊ အထက(၂)စာစစ်ဌာန၊ အထက (၃)စာစစ်ဌာန၊ အထက-တပ်တောင်စာစစ်ဌာန(အမှုထမ်း-၂ အထက(ခွဲ))တို့တွင် ကျောင်းသား/ကျောင်းသူ(၉၉၄)ဦး ရှိသည့်နက် ရူပဗေဒဘာသာ ဖြေဆိုသူ (၄၂၉)ဦး၊ သမိုင်းဘာသာဖြေဆိုသူ (၂၉၄)ဦးရှိပြီး ပျက်ကွက်သူ (၃၁၆)ဦးဖြစ်ကာ ဖြေဆိုသည့်ရာခိုင်နှုန်း ၆၈.၂၁% ဖြစ်သည်။

အ.ထ.က (ကမ်းထောင်းကြီး)စာစစ်ဌာန (မြောက်ပိုင်းရပ်ကွက် အလယ်တန်းကျောင်း)တွင် စာရင်းရှိ ကျောင်းသား/ကျောင်း သူ(၃၆၁)ဦး ရှိသည့်နက် ရူပဗေဒဘာသာ ဖြေဆိုသူ (၁၂၇)ဦး၊ သမိုင်းဘာသာ ဖြေဆိုသူ (၆၆)ဦး စုစုပေါင်းဖြေဆိုသူ (၁၉၃) ဦးဖြစ်ပြီး ပျက်ကွက်သူ(၁၆၈) ဦး၊ အ.ထ.က (ကမ်းနီ)စာစစ်ဌာန(အောက်ရွာကျေးရွာ မူလွန်ကျောင်း)တွင် စာရင်းရှိ ကျောင်းသား/ကျောင်း သူ(၆၉)ဦးရှိသည့်နက် ရူပဗေဒဘာသာ ဖြေဆိုသူ (၁)ဦး၊ ပျက်ကွက်သ (၆၈)ဦးရှိကြောင်းမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျင်းပလျက်ရှိသည့် စာစစ်ဌာနများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်နှင့်အဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေကြားနိုင်ရန် လိုက်လံကြည့်ရှုစစ်ဆေးပြီး စာမေးပွဲကြီးကြပ်ရေး ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက စာစစ်ဌာနအလိုက် စောင့်ကြပ်၍ ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေကြားနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။  

မြို့နယ်ပြန်/ဆက်