ဂွ မတ် ၁၅
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင်၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင် (Grade-12) စာမေးပွဲပဉ္စမနေ့၌ ကျောင်းသား ကျောင်းသူများ ရူပဗေဒနှင့်သမိုင်း ဘာသာရပ်ကို အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိကြသည်။
ဂွမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (ဂွ)၌ (ဂွ) စာစစ်ဌာန၊ အခြေခံပညာအလယ်တန်းကျောင်း (မြို့သစ်)၌ ဆပ်သွားစာစစ်ဌာန၊ အခြေခံပညာအထက်တန်းကျောင်း (ကျိန္တလီ)၌ ကျိန္တလီစာစစ်ဌာနများရှိ တက္ကသိုလ်ဝင်စာမေးပွဲသို့ ရူပဗေဒဘာဘာသာရပ်အား လာရောက်ဖြေဆိုသူ ကျောင်းသား/ ကျောင်းသူ (၂၅၆)ဦးနှင့်ပျက်ကွက် ကျောင်းသား/ ကျောင်းသူ (၂)ဦးရှိပြီး သမိုင်းဘာဘာသာရပ်အား လာရောက်ဖြေဆိုသူ ကျောင်းသား/ ကျောင်းသူ (၁၀၆)ဦးနှင့်ပျက်ကွက် ကျောင်းသား/ ကျောင်းသူ (၆)ဦးရှိသည်။
ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်စေရန်အတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များကကြီးကြပ်၍ စာစစ်ဌာနအသီးသီး၌လည်း စာမေးပွဲကြီးကြပ်ရေး ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာ ကြီးကြပ်ရေးတာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စောင့်ရှောက်ပေးလျက်ရှိပြီး ကျောင်းသားကျောင်းသူများ အေးချမ်း စွာဖြေဆိုခဲ့ကြကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်