ငပလီမြို့တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒနှင့် သမိုင်းဘာသာရပ်များ ဆက်လက်ဖြေဆို

ငပလီ မတ်  ၁၆

ရခိုင်ပြည်နယ် ငပလီမြို့မှ တက္ကသိုလ်ဝင်စာမေးပွဲကို ရူပဗေဒနှင့်သမိုင်းဘာသာရပ်များကို ကျောင်းသား၊ ကျောင်းသူ(၅၂၁)ဦးက အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်းသိရသည်။

ကျောင်းသားများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေး စာမေးပွဲကြီးကြပ်ရေးမှူးနှင့် တာဝန်ကျဆရာ၊ ဆရာမများက စနစ်တကျကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်လျက်ရှိသည်။

ငပလီမြို့တွင် စာစစ်ဌာနများဖြစ်သည့် အ.ထ.က (ငပလီ)နှင့် အ.ထ.က(ခွဲ)(လင်းသာ) စာစစ်ဌာနများတွင် ရူပဗေဒဘာသာရပ်ကို ဖြေဆိုရန်စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၂၆၂)ဦးရှိသည့်အနက် ဖြေဆိုသူ (၂၅၉) ဦး ပျက်ကွက်(၃)ဦး၊ သမိုင်းဘာသာရပ်ကို ဖြေဆိုသူစုစုပေါင်း(၂၇၉)ရှိသည့်အနက် ဖြေဆိုသူ(၂၆၃)ဦး ပျက်ကွက် (၁၆)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြင့်မြင့်အေး