မာန်အောင် မတ် ၁၆
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ (ပဉ္စမနေ့) ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်ကို ယမန်နေ့နံနက် ၉ နာရီက အ.ထ.က(မာန်အောင်)စာစစ်ဌာနနှင့် အ.ထ.က(ခွဲ)(စျေးတန်း)စာစစ်ဌာနတို့တွင် ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မာန်အောင်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က(မာန်အောင်)စာစစ်ဌာန၌ ရူပဗေဒ ဘာသာရပ်ကို ဖြေဆိုရန် စာရင်းရှိ ကျောင်းသား/သူ (၃၄၂)ဦးရှိသည့်အနက် ဖြေဆိုသူ(၃၃၂)ဦး၊ ပျက်ကွက်သူ(၁၀)ဦးရှိရာ ဖြေဆိုမှုရာခိုင်နှုန်း (၉၇.၀၈)ရာခိုင်နှုန်းရှိပြီး အ.ထ.က(ခွဲ)(စျေးတန်း) စာစစ်ဌာန၌ သမိုင်းဘာသာရပ်တွင် ဖြေဆိုရန်စာရင်းရှိ ကျောင်းသား/သူ (၁၈၄)ဦးရှိသည့်အနက် ဖြေဆိုသူ(၁၆၁)ဦး၊ ပျက်ကွက်သူ(၂၃)ဦးရှိရာ ဖြေဆိုမှုရာခိုင်နှုန်း (၈၇.၅၀)ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေအေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ လုံခြုံရေးအဖွဲ့အစည်းများနှင့် တာဝန်ရှိသူများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)