ကျောက်ဖြူအထူးစီးပွားရေးဇုန် SEZ စီမံကိန်းအတွက် ဒေသတွင်းအခြေခံလျှပ်စစ်ပညာသင်တန်း ကျောက်ဖြူမြို့၌ ဖွင့်လှစ်
ရခိုင်ပြည်နယ်၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် SEZ လုပ်ငန်းစီမံကိန်းအတွက် ကျွမ်းကျင်မှုလုပ်သား Skill Labour များ ပေါ်ပေါက်လာစေရန်ရည်ရွယ်၍ ခရိုင်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတို့ ပူးပေါင်းကာ ဒေသတွင်းအခြေခံလျှပ်စစ်ပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျောက်ဖြူမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခမ်းမတွင် ကျင်းပပြုလုပ်သည်။