အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ “ကလေးနှင့် ဆယ်ကျော်သက်အရွယ် လူငယ်များအတွက် စာဖတ်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

အမ်း   ဧပြီ   ၅

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ “ကလေးနှင့် ဆယ်ကျော်သက်အရွယ် လူငယ်များအတွက် စာဖတ်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဦးစီးအရာရှိ ဦးစန်းဝင်းက စာပေမြတ်နိုးသူ လူငယ်များအား စာဖတ်ဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်၊ စာပေအကြောင်း သိကောင်းစရာများ၊ စာပေကိုစိတ်ဝင်စားပြီး စာပေကိုချစ်မြတ်နိုးလာစေရန်၊  စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် “ကလေးနှင့် ဆယ်ကျော် သက်အရွယ် လူငယ်များအတွက် စာဖတ်ခြင်း” စာအုပ်မှ စာရေးဆရာခင်မောင်တိုး(မိုးမိတ်)ရေးသားသည့် ဉာဏ်ပညာ ဆောင်းပါးအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး စာရေးဆရာမင်းပုည ရေးသားသည့် စင်္ကာပူလို့ဖြစ်အောင် ဦးဆောင်ခဲ့သူ စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် မဆောင်းနှင်းဝေ၊ ခင်မာကျော်၊ သဇင်မိုး၊ ရဲထက်အောင်တို့က ကလေးနှင့်ဆယ် ကျော်သက်အရွယ် လူငယ်များအတွက် စာဖတ်ခြင်း စာအုပ်မှ ဉာဏ်ပညာ ဆောင်းပါးတွင်ပါရှိသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ပြီး ကျောင်းသားကျောင်းသူများက သိရှိလိုသည့် အကြောင်းအရာများကို  မေးမြန်းဆွေးနွေးကြရာ ဦးစီးအရာရှိ ဦးစန်းဝင်းက မေးမြန်ချက်များနှင့်ပတ်သတ်၍ ခြုံငုံသုံးသပ်ဆွေးနွေးပြောကြားခဲ့ကြသည်။

အဆိုပါ စာပေမြတ်နိုးသူ လူငယ်များက လူကုန်ကူးမှုတားဆီးကားကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြထားရှိမှုအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြရာ ဦးစီးအရာရှိက စာစောင်ပါအကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)