ရခိုင်ပြည်နယ်

ဂွမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်း ပြုလုပ်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေချစ်မြတ်နိုးသူများပါဝင်သည့် Youth Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို လစဉ်ကျင်းပလျက်ရှိရာ ယနေ့ နေ့လယ်ပိုင်းတွင် မောင်မိုးယံ၏ လူငယ်နှင့်အနာဂတ်ဘဝမြှင့်တင်ရေး ဆောင်းပါးများစာအုပ်ဖြင့် ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့သည်။

ကျောက်ဖြူခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သတင်းရေးသားနည်းသင်တန်း အမှတ်စဉ်(၁/၂၀၂၄) သင်တန်းဆင်းပွဲကျင်းပ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နံနက်ပိုင်းက သတင်းရေးသာနည်းသင်တန်း အမှတ်စဉ်(၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပပြုလုပ်ရာ ခရိုင်ဦးစီးမှူးနှင့် သင်တန်းနည်းပြများ၊ ခရိုင်ရုံးဝန်ထမ်းများ တက်ရောက်ကြသည်။

ရခိုင်ပြည်နယ် မောင်တောမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံးမှ ဝန်ထမ်းများက ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ “ရုံးလုပ်ငန်းလက်စွဲ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နံနက် ၁၁ နာရီအချိန် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ ၌ ပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓာတုဗေဒနှင့် ပထဝီဝင်ဘာသာရပ်အား တည်ငြိမ်အေးချမ်းစွာဆက်လက်ဖြေဆို

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအား စာစစ်ဌာန ၂ ခု ဖွင့်လှစ်၍ စစ်ဆေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်တွင် သက်ဆိုင်ရာစာစစ်ဌာနများတွင် ဓာတုဗေဒနှင့် ပထဝီဝင်ဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုခဲ့ကြသည်။

တောင်ကုတ်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၄)ခုတွင် ကျောင်းသား၊ ကျောင်းသူများမှ စတုတ္ထနေ့အဖြစ်အေးချမ်းစွာ ဖြေဆိုလျက်ရှိ

တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၄)ခု ဖွင့်လှစ်၍ ကျင်းပလျက်ရှိရာ ဓာတုဗေဒနှင့်ပထဝီဘာသာရပ်များကိုကို ကျောင်းသား၊ကျောင်းသူမှ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်းသိရသည်။

ကျောက်ဖြူမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ ဓာတု‌ဗေဒနှင့် ပထဝီဝင်ဘာသာရပ်အား ကျောင်းသား၊ကျောင်းသူ(၁၁၄၅)ဦး ဝင်ရောက်ဖြေဆို

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် မတ်လ(၁၁)ရက်၊ နံနက် ၉ နာရီမှစ၍ စတင်ဖြေဆိုလျက်ရှိရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ စာစစ်ဌာန (၈) ခု၌ တက္ကသိုလ်ဝင်စာမေးပွဲ(စတုတ္ထနေ့) ဓာတုဗေဒနှင့် ပထဝီဝင်ဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူ(၁၁၄၅)ဦးမှ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာနံရံကပ်စာစောင်ပြပွဲကို  ယနေ့ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ဖြူခရိုင်ရုံး (Community Centre) ခန်းမ၌ ဝန်ထမ်းများအား အခြေခံသတင်းရေးသားတတ်စေရေန် သတင်းရေးသားနည်းသင်တန်း(၁/၂၀၂၄)ဖွင့်လှစ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဝန်ထမ်းများ ဌာန၏လုပ်ငန်းတာဝန်များကို ဘက်ပေါင်းစုံမှနားလည်တတ်မြောက်စေရန်ရည်ရွယ်၍  သတင်းရေးသားနည်းသင်တန်း (၁/၂၀၂၄) ကို ယမန်နေ့ နေ့လယ်က ဖွင့်လှစ်သင်ကြားပို့ချသည်။

ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူး(မြို့ပြ)သံတွဲမြို့နယ်ရှိ လမ်း/တံတားတည်ဆောက်ရေးလုပ်ငန်းများအားကွင်းဆင်းစစ်ဆေး

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ညွှန်ကြားရေးမှူး (မြို့ပြ)ဦးဝင်းမြင့်ဟန်သည် သံတွဲမြို့သို့ရောက်ရှိပြီး သံတွဲခရိုင် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင်မြတ်ဦး၊ မြို့နယ်ဦးစီးအရာရှိ (မြို့ပြ) ဦးမြတ်သူတို့နှင့်အတူ ယမန်နေ့က သံတွဲမြို့နယ်အတွင်းရှိ ကျေးလက်လမ်း/တံတား တည်ဆောက်ရေးလုပ်ငန်းများကိုကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ဂွမြို့နယ်တွင် ဆေးရုံ၌အတွင်းလူနာအဖြစ် ဆေးကုသခံယူနေသည့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ထောက်ပံ့ကြေးငွေ ပေးအပ်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ဆေးရုံ၌ အတွင်းလူနာအဖြစ် ဆေးကုသခံယူနေသည့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ယမန်နေ့၊ နေ့လယ်ပိုင်းတွင် ဆေးရုံ၌ ထောက်ပံ့ကြေးငွေ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
Subscribe to ရခိုင်ပြည်နယ်