ဂွ ဧပြီ ၅
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်များ၌ ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုတန်ဖိုးရှိရှိအသုံးချတတ်စေရန်နှင့် ဘက်စုံ ထူးချွန်ထက်မြက်သော လူငယ်လူရွယ်များဖြစ်လာစေရန် ရည်ရွယ်၍ အခြေခံပန်းချီအခမဲ့သင်တန်း၊ ဒုတိယနေ့ကို ယမန်နေ့နေ့လယ် (၁၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သင်ကြားပေးလျက်ရှိသည်။
အဆိုပါ အခြေခံပန်းချီသင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက အလှည့်ကျသင်ကြားပေးလျက်ရှိပြီး ယမန်နေ့ ဒုတိယနေ့တွင် ဒုတိယဦးစီးမှူး ဦးခိုင်မိုးမင်းက အခြေခံပန်းချီရေးဆွဲရာတွင် အရောင်များအား အသုံးချနည်းနှင့် အရောင်များရောစပ်ပုံများနှင့်ပတ်သက်၍ သင်တန်းအား သင်ကြားခဲ့ကြောင်း သိရသည်။
သင်တန်းကို ဧပြီလ ၁၂ ရက်နေ့အထိ အခမဲ့ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၂၀)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်