ကျိန္တလီမြို့တွင် စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်း ကျင်းပ
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျိန္တလီမြို့ စာပေချစ်သူများအသင်းအဖွဲ့ (Book Club)နှင့်လစဉ်ကျင်းပလျက်ရှိရာ ယနေ့ နေ့လည်ပိုင်းအချိန်က စာရေးဆရာ လင်းရောင်စင်၏ ငါ့အတွက်ငါရှိတယ် စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ကျင်းပခဲ့သည်။