ဂွမြို့နယ်အတွင်းရှိ ရေရှားပါးသည့်ကျေးရွာနေပြည်သူများအား သောက်သုံးရေများ သွားရောက်လှူဒါန်း
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ကြွေချိုင်ကျေးရွာ၊ မြို့မရပ်ကွက်ရှိ စိမ့်စမ်းသာ၊ ဒေါင့်ချောင်းကျေးရွာ၊ ကိုင်းတောကွင်းကျေးရွာများ၌ ပြည်သူများသောက်သုံးရေ ရရှိသုံးစွဲနိုင်စေရန် ရည်ရွယ်၍ မေလဒုတိယပတ်မှ စတင်ကာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမင်းထွန်းနှင့်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက သောက်သုံးရေများ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။