ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အထွေထွေပိုလျှံရန်ပုံငွေမှ တောင်းခံသည့် အသုံးစရိတ်များဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်၍ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သူများအား ကြိုဆိုဂုဏ်ပြု
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်အထွေထွေပိုလျှံရန်ပုံငွေ(GRF)မှ ကျခံသုံးစွဲခွင့်ပြုရန် တင်ပြလာသည့် အသုံးစရိတ်များနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။