ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့၊ မြို့မဈေးကြီးအတွင်း လှည့်လည်ကြည့်ရှု၊ လူသုံးကုန်ပစ္စည်းများ ရောက်ရှိလာမှုအား သွားရောက်ကြည့်ရှုစစ်ဆေး
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ မြို့မဈေးကြီးအတွင်း ဈေးသူ၊ ဈေးသားများ ဈေးရောင်းချနေမှုအား လှည့်လည်ကြည့်ရှုအားပေးပြီး စစ်တွေမြို့၊ ဘက်စုံသုံးဆိပ်ကမ်းတွင် လူသုံးကုန်ပစ္စည်းများ ရောက်ရှိလာမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။