ရသေ့တောင်မြို့၌ တက္ကသိုလ်အသီးသီးသို့ တက်ရောက်ရန် ဝင်ခွင့်လျှောက်ထားသူများဖြင့်စည်ကား

ရသေ့တောင် စက်တင်ဘာ ၁

ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ ၂၀၂၃ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ‌ ဖြေဆိုအောင်မြင်ပြီးသူများအနေဖြင့် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရန်အတွက် မိမိတို့စာမေးပွဲ ဖြေဆိုခဲ့သော စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ အခြေခံပညာအထက်တန်းကျောင်းအုပ်ကြီးများထံတွင် အမှတ်စာရင်း၊ အရည်အချင်းမှတ်တမ်းချုပ်ရမှတ်အဆင့်၊ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်နှင့် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရမည့်ပုံစံ စာအိတ်ကို ဩဂုတ်လ(၂၅)ရက်နေ့မှ စက်တင်ဘာ(၁၀)ရက်နေ့ထိ ပိတ်ရက်မရှိလက်ခံလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ရသေ့တောင်မြို့နယ်တွင် ၂၀၂၃ ပညာသင်နှစ်တွင် စာရင်းရှိ ကျောင်းသား/ကျောင်းသူပေါင်း ၁၄၅၁ ဦးရှိပြီး၊‌ ‌ ဖြေဆိုသူပေါင်း ၁၃၃၃ ဦးရှိခဲ့ရာ အောင်မြင်သူဦးရေ ၇၅၀ ဦးရှိကြောင်း သိရသည်။

သို့ဖြစ်ပါ၍ ၂၀၂၃ တက္ကသိုလ်ဝင်ခွင့်အောင်မြင်သူ ကျောင်းသား/ကျောင်းသူများသည် မြန်မာနိုင်အတွင်းရှိ တက္ကသိုလ်အသီးသီးသို့ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရန် လာရောက်ကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)