ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ကြက်ခြေနီလူမှုကရုဏာဆိုင်ရာ ပြန်ကြားဆက်သွယ်ရေး သင်တန်းဖွင့်ပွဲတက်ရောက်
ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေဟိုတယ်ခန်းမ၌ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ဂျာမနီနိုင်ငံကြက်ခြေနီ အသင်းတို့ ပူးပေါင်းပြုလုပ်သည့် ကြက်ခြေနီလူမှု ကရုဏာဆိုင်ရာ ပြန်ကြားဆက်သွယ်ရေး သင်တန်းဖွင့်ပွဲသို့ တက်ရောက်သည်။