ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ ကုန်ပစ္စည်းများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ တာဝန်ရှိသူများကွင်းဆင်းစစ်ဆေး
ရခိုင်ပြည်၊ ရသေ့တောင်မြို့၌ ကုန်ပစ္စည်းများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့၊နံနက်၉နာရီအချိန်က မြို့နယ်အဆင့် အခြေခံစားသောက်ကုန် ဈေးနှုန်းများထိန်းသိမ်းကြီးကြပ်ရေးကော်မတီနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ပူးပေါင်း၍ မြို့ပေါ် ရပ်ကွက်များရှိဈေးဆိုင်များနှင့်မြို့မဈေးကြီးအတွင်း ရောင်းချလျက်ရှိသော ကုန်ပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။