ရသေ့တောင်မြို့၌ ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု (ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်) ထုတ်လုပ်ခြင်း သင်တန်းဖွင့်လှစ်

ရသေ့တောင် စက်တင်တင်ဘာ ၅

ရခိုင်ပြည်နယ် စစ်တွေခရိုင်၊ ရသေ့တောင်မြို့၌ကျေးလက်‌ ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော သက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ပစ္စည်း (ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်)ထုတ်လုပ်ခြင်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နေ့လယ် ၁ နာရီအချိန်တွင် ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံး အစည်းအ‌ဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာအကြီးအကဲများ သင်တန်းနည်းပြများနှင့် သင်တန်းသူ(၂၀)ဦး တက်ရောက်ကြပါသည်။ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ယခုဖွင့်လှစ်‌သော သင်တန်းမှပို့ချချက်များအား စိတ်ပါဝင်စားစွာ‌ လေ့လာသင်ယူပြီး ပြည်သူလူထုအကျိုးပြုသော လုပ်ငန်းအဖြစ်သတ်မှတ်ကာ ဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ရသေ့တောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးတင်မောင်ဦး (လက်ထောက်ညွှန်ကြားရေးမှူး (နည်း)မှလည်း ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနအ‌နေဖြင့် စဥ်ဆက်မပြတ်‌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးများ‌ ဆောင်ရွက်ရာတွင်‌ ကျေးလက်နေပြည်သူများ၏ စွမ်းဆောင်ရည်များမြှင့်တင်ပေးရန်နှင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသည့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်းဖြင့်တစ်ဦးတစ်‌ ယောက်ချင်းဝင်ငွေတိုးတက်မှုမှသည် မိသားစုဝင်‌ငွေတိုးတက်လာပြီး စားဝတ်နေရေးပြေလည်မှုရရှိခြင်း လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်လည်ခြင်း လူနေမှုအဆင့်အတန်း မြင့်မားလာခြင်းဖြင့် သာယာဝ‌ပြောသောလူ့ဘောင် အဖွဲ့အစည်းတစ်ရပ်ကို တည်ဆောက်နိုင်မည်ဖြစ်‌‌ကြောင်း ပြောကြားခဲ့သည်။

အဆိုပါသင်တန်းသို့ သင်တန်းသား(၂၀)ဦးတက်ရောက်လျက်ရှိပြီး ယနေ့မှစ၍ စက်တင်ဘာလ ၂၄ ရက်နေ့ထိ ရက်(၂၀)အကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းလင်းကျော်(ပြန်/ဆက်)