အမ်းမြို့၌ မိုးစပါးထွန်တုံးပိတ်ပွဲကျင်းပ

အမ်း  စက်တင်ဘာ ၅

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်း မြို့နယ် ဂါယ်လောင်းကျေးရွာ အုပ်စု ဂါယ်လောင်းကျေးရွာ ကွင်းအမှတ်(၂၆၂)ရှိ တောင်သူဦးမောင်ချို၏ လယ်မြေ(၃)ဧကတွင် မြို့နယ်လုံးမိုးစပါးထွန်တုံး ပိတ်ပွဲအား ယမန်နေ့နံနက်ပိုင်းကကျင်းပခဲ့သည်။

  မိုးစပါးထွန်တုံးပိတ်ပွဲသို့ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ဂါယ်လောင်းကျေးရွာနှင့် လုံးကျေးရွာမှ တောင်သူ(၃၅)ဦးတက်ရောက်ခဲ့ကြသည်။

အဆိုပါ မိုးစပါးထွန်တုံးပိတ်ပွဲသို့တက်ရောက်လာသူများအား စိုက်ပျိုး ရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးမှ ဓာတ်မြေဩဇာဈေး နှုန်းကြီးမြှင့်နေမှုနှင့်ဓာတ်မြေဩဇာအား အချိန်ကိုက်အချိုးညီ သုံးစွဲမှုမရှိပါက အလေအလွင့်များကြောင့် သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနည်းများကို ပညာ ပေးပြောကြားပြီး စူပါဘိုကာရှီပြုလုပ်သုံစွဲနည်းအား လက်တွေ့ပြသပညာပေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုးမင်းထွန်း