ရခိုင်ပြည်နယ်

မာန်အောင်မြို့ ချမ်းမြေ့သစ္စာဓမ္မဘိုးဘွားရိပ်သာ၌ အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အခမ်း အနားကျင်းပ

ရခိုင်ပြည်နယ် မာန်အောင်မြို့ ချမ်းမြေ့သစ္စာဓမ္မဘိုးဘွားရိပ်သာ၌ ၂၀၂၃- နှစ်အောက်တိုဘာလ (၁)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ချမ်းမြေ့သစ္စာ ဓမ္မဘိုးဘွားရိပ်သာ ဓမ္မာရုံ၌ ကျင်းပခဲ့သည်။

မာန်အောင်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ‌ချေးငွေရယူထားသော လုပ်ငန်းရှင်များ၏ ပထမ (၆)လပတ်လုပ်ငန်းအကျိုးရလဒ် ရရှိမှုအခြေအနေအား ရှင်းလင်းပွဲအခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်အတွင်းရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ‌ ချေးငွေရယူထားသော လုပ်ငန်းရှင်များ၏ ပထမ(၆)လပတ်လုပ်ငန်း အကျိုးရလဒ်ရရှိမှုအခြေအနေများအား တွေ့ဆုံရှင်းလင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ 

မအီမြို့၌ (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် ဝါဆိုသင်္ကန်းနှင့် အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်း

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် ဝါဆိုသင်္ကန်းနှင့် အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းန်းခြင်းကို မအီနယ်မြေ ရဲစခန်းမိသားစု ယမန်နေ့နံနက် အရုဏ်တက်ချိန်က မအီနယ်မြေရဲစခန်းရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနား တက်ရောက်

အောက်တိုဘာလ (၁) ရက်နေ့တွင် ကျရောက်သော (၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ မြို့မိ၊ မြို့ဖအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ အငြိမ်းစားရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့အစည်းများမှကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

သံတွဲမြို့၌ (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပ

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်သည့် (၅၉)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အမ်းခရိုင်၌(၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီး ပြည်နယ်အဆင့် ပြိုင်ပွဲဝင်များကြိုဆိုဂုဏ်ပြု

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊အမ်းမြို့၌  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကြီးကြပ်မှုဖြင့်(၂၄ )ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲကျင်းပခဲ့ပြီး ပြည်နယ်အဆင့်(၁၀)ဦး ဝင်ရောက်ယှဥ် ပြိုင်ခဲ့ပြီး (၅)ဦးဆုရရှိကာပြိုင်ပွဲဝင်များနှင့် အုပ်ထိန်းသူများ ပြန်လည်ရောက်ရှိလာမှုအားကြိုဆိုဂုဏ်ပြုပွဲကို ယမန်နေ့ ည နေ ၅ နာရီ အချိန် အမ်းမြို့ရှိ WE LOVE ANN ရှုခင်းသာဗျူးပွိုင့်နေရာ၌ကျင်း ပပြုလုပ်ခဲ့သည်။ 

မာန်အောင်မြို့ ချမ်းမြေ့သစ္စာ ဓမ္မဘိုးဘွားရိပ်သာတွင် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် ဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် လှူဖွယ်ပစ္စည်းများ ပေးအပ်လှူဒါန်း

ရခိုင်ပြည်နယ် မာန်အောင်မြို့ ချမ်းမြေ့သစ္စာဓမ္မဘိုးဘွားရိပ်သာတွင်၂၀၂၃-ခုနှစ် အောက်တိုဘာလ ၁ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် ဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်းကို ယနေ့နံနက် ၈နာရီခွဲက အဆိုပါ ရိပ်သာ၌ ပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကင်းချောင်းကျေးရွာတွင် မီးပလပ်ခုံဝါယာရှော့ဖြစ်ရာမှ ဆိုင်ခန်းတစ်ခန်း မီးလောင်မှုဆုံးရှုံး

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်၊ ဒုချီးရားတန်းကျေးရွာအုပ်စု၊ ကင်းချောင်းကျေးရွာတွင် ယနေ့နံနက် ၆ နာရီခွဲခန့်က မီးပလပ်ခုံဝါယာရှော့ဖြစ်ကာ ဆိုင်ခန်းတစ်ခန်း မီးလောင်မှုဖြစ်ပွားခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့တွင် မြေပြင်တစ်အိမ်တက်ဆင်း စမ်းသပ်သန်းခေါင်းစာရင်းစတင်ကောက်ယူ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ မြေပြင်တစ်အိမ်တက်ဆင်း စမ်းသပ်သန်းခေါင်းစာရင်း စတင်ကောက်ယူခြင်းကို ယနေ့နံနက် ၉ နာရီအချိန် မြို့မအနောက်ရပ်ကွက် ကောက်ကွက်တစ်ကွက်တွင် စတင်ကောက်ယူခဲ့ကြသည်။

ကျောက်ဖြူခရိုင်မှ ပြည်နယ်အဆင့်(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခဲ့ကြသူများကို သောင်းသောင်းဖျဖျဂုဏ်ပြုကြိုဆို

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်မှ ပြည်နယ်အဆင့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ ခရိုင်ကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ကြသူများမှာ ယနေ့ညနေပိုင်းက စစ်တွေမြို့မှ ကျောက်ဖြူမြို့သို့ မော်တော်ယာဉ်များဖြင့် ပြန်လည်ရောက်ရှိလာရာ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များနှင့် ဌာနဆိုင်ရာများက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခြံဝန်းတွင် အိုးစည်၊ ဒိုးပတ်များဖြင့် သောင်းသောင်းဖျဖျဂုဏ်ပြုကြိုဆိုသည်။
Subscribe to ရခိုင်ပြည်နယ်